All News Local News

ရခိုင်တွင် AA ထံသို့ သတင်းပေါက်ကြားမှုဖြင့် စသုံးလုံးအရာရှိတချို့ အဖမ်းခံရမှု နေပြည်တော်မသိသေးဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်တွင် ရခိုင်တပ်မတော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်တွေလေဆိပ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတချို့ကို စစ်ဆေးနေလျက်ရှိ ကြောင်း ရခိုင်ပြည်နယ်အစိုးရဘက် ထုတ်ဖော်ပြောဆိုသော်လည်း နေပြည်တော် အထူးစုံစမ်းစစ်ရေးဦးစီးဌာနကမူ ယင်းသတင်းနှင့်ပတ်သက်၍ မသိရှိသေးဟု ပြောဆိုလိုက်သည်။

ရဲကင်းစခန်းများကို ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က တိုက်ခိုက်ပြီးနောက် ရခိုင်ဒေသ၌ တပ်မတော်က တပ်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် တပ်များဖြန့် ချထားမှုအင်အားစာရင်းပေါက် ကြားခြင်းနှင့်ပတ်သက်ပြီး စစ် တွေလေဆိပ်ရှိ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူ အချို့ကို စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အ တွင်းရေးမှူး ဦးညီညီမင်းက အတည်ပြု ပြောဆိုကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့RFA သတင်းတွင် ဖော်ပြခဲ့သည်။

နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက “အဲဒါတာကို ကျနော်တို့ အတည်ပြုချက် ဘာမှ မရသိဘူး။ အခုလောလောဆယ်တော့ ဘာမှ အတည်ပြုတဲ့ ကိစ္စတော့ မဟုတ်သေးဘူး။ အတည်ပြုပြီး ပြောနိုင်တာ မရှိသေးဘူး။ ကျနော်တို့က ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှအတည်ပြုထားတာ မရှိဘူး ။ သက်ဆိုင်ရာ ဒေသ ကပဲ လုပ်ဆောင်တာပဲ သိနိုင်ပါလိမ့်မယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ထံသို့ ရန်ကုန်ခေတ်သစ်က ထပ်မံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ။ အလားတူ တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com