All News Local News

ဖျာပုံမြို့နယ်၊ အမာမြို့ ချောင်းဝကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်၊ အိမ်ထောင်စု ၁၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အကူအညီလိုအပ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ အမာမြို့ ချောင်းဝကျေးရွာတွင် မီးအကြီးအကျယ်လောင်နေပြီး မီးငြှိမ်းသတ်ရေး ဆောင်ရွက်နေရကြောင်း ဖျာပုံမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဘိုဘိုမင်းဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

“ချောင်းဝကျေးရွာက ရွာကြီး။ မီးလောင်တာက အိမ်ခြေ ၁၀၀ ကျော်တယ်။ အခု မီးကတော့ ငြိမ်းသွားပြီ။ ဖျာပုံက ကယ်ဆယ်ရေးတွေလည်း အကုန်သွားနေပြီ။ မီးကတော့ လောင်တာ တော်တော်ကြီးတယ်” ဟု ဦးဘိုဘိုမင်းဇော်က ပြောဆိုသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှ င့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်သီသီချိုကမူ လက်ရှိတွင် အစိုးရဝန်ကြီးဌာနများက မီးဘေးသင့် ဒုက္ခသည်များကို ဘုန်းကြီးကျောင်းတွင် နေရာချထားကြောင်း ပြောဆိုသည်။

“ကျမတို့ အစိုးရဝန်ကြီးဌာန ဌာနပေါင်းစုံလည်း ရောက်နေပြီ။ အကူအညီကတော့ လိုနေတယ်။ မီးဘေးသင့်တာက လူဦးရေများတော့ အကူအညီတော့လိုတယ်။ မီးလောင်ခဲ့တာက နေ့လယ် ၁ နာရီလောက်နေ ညနေ ၃ နာရီကျော်အထိ။ အခုတော့ မီးငြိမ်းသွားပါပြီ” ဟု ဒေါ်သီသီချိုက ဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts