All News Local News

နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ရင်ဆိုင်ရန် တရားရုံးကဆင့်ခေါ်မှု စည်တောင်ကျေးရွာအုပ်ချုပ်ရေးမှူ ငြင်းပယ်

နန့်အိသူ/ ရန်ကုန်ခေတ်သစ်

ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဘူးသီးတောင်မြို့နယ် တရားရုံးက တရားရင်ဆိုင်ရန် ဆင့်ခေါ်သော်လည်း ဦးမောင်သိန်းညွန့်က သွားရောက်ခြင်းမရှိဘဲ ငြင်းပယ်ခဲ့ကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) ဖြင့် အမှုဖွင့်ထား၍ ဇန်နဝါရီလ ၇ ရက်နေ့ လာရောက်တရားရင်ဆိုင်ရန် သမ္မာန်စာပေးပို့ခဲ့ကြောင်း၊ သို့ရာတွင် ဦးမောင်သိန်းညွန့်က တရားရုံးသို့ သွားရောက်ခဲ့ခြင်းမရှိဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံသာက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် ၊ ဘူးသီးတောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ က “အခြေအနေက ၅၀၅ (က) (ခ) နဲ့ အမှုဖွင့်ထားတယ်။ အဲ့တာကို ၄ ရက်နေ့က ဖွင့်ထားတာ ။ ဒီနေ့ ၇ ရက်နေ့ တရားရုံးက သမ္မာန်စာနဲ့ ခေါ်ထားတာ ။ အဲဒါက ရဲအရေးပိုင်တဲ့ အမှု မဟုတ်ဘူး။ တရားရုံး ဦးတိုက် လျှာက်တာ။ တရားရုံးမှာ လာပြီးတော့ ဦးတည်လျှောက်ရတဲ့ အမှု ဖြစ်တယ်။ တရားရုံးက သမ္မာန်စာ ဆင့်စာ နဲ့ ဘယ်နေ့မှ ရုံးကို လာရမယ်ဆိုပြီးတော့ တရားရုံးက သမ္မန်စာနဲ့ သူကို ခေါ်တာ ။ အမှန်ဆိုရင် သူက ရုံးကို လာရမှာ ။ သွားရောက်ဖြေရှင်းတာတော့ ဘာမျှ မရှိဘူး ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှ ဒေသခံ ၁၁ ဦးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ က တပ်မတော်က လမ်းပြအဖြစ် ခေါ်ယူသွားပြီး ညနေ ၃ နာရီခန့်တွင် သူတို့ ပြန်လည်ရောက်ရှိလာကြောင်း ၊အဆိုပါရွာသား ၁၁ ဦးမှာ ကျေးရွာအပြင်ဘက်ရှိ လယ်ကွင်းပြင်တွင် စပါးရိပ်သိမ်းနေစဉ် တပ်မတော်သားများက ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းကျေးရွာသို့ မသွားရဲသဖြင့် ၎င်းတို့အား လမ်းပြအဖြစ် ခေါ်ယူသွားခြင်းဖြစ်ပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ခြင်းဟု စည်တောင်အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့် က သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။

ယင်းသို့ ပြောဆိုမှုနှင့် တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခြင်း ဆက်စပ်နိုင်ကြောင်းလည်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

“အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတာ အစိုးရကိုလည်း တာဝန်ခံရတယ်။ အုပ်ချုပ်မှုအာဏာရှိတဲ့ အဖွဲ့အစည်းကိုလည်း သူက တာဝန်ခံရတယ်လေ။ ရွာသားတွေကိုလည်း တာဝန်ခံရတာ။ အဲ့ဒီနေ့က စစ်တပ်က ခေါ်သွားတာက ရွာသား ၁၁ ယောက်ကို ခေါ်သွားကြတာ။ ရွာသားတွေက ဘယ်မှာဘာ လုပ်နေလဲဆိုတော့ စပါးရိတ်နေကြတာ ၊ တချို့ကလည်း တံစဉ်းရိတ်နေကြတယ်။ အဲ့ဒီအချိန်မှာ ခေါ်သွားတော့ သူYကို နောက်လူတွေ မေးတော့ သူက မဖြေရှင်းနိုင်ဘူး ။ ရွာသားတွေရဲ့ ဆွေမျိုးတွေ မေးတော့ သူက မဖြေရှင်းနိုင်ဘူး ။ အဲ့လို့ခေါ်သွားတာ ကျွန်တော်တို့လည်း မသိလိုက်ဘူး ။ တာဝန်ရှိသူကလည်း ဘာမှ မသိဘူး။ လူသားဒိုင်း ဖြစ်ချင်ဖြစ်သွားမလား ဆိုပြီး ပြောလိုက်တာ ၊
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ဆောင်ရွက်မှာက ဒီတရားရုံးမှာ သူက လာပြီး ဖြေရှင်းရမှာ ။ တရားရုံးက ဖြစ်နေတဲ့ အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်က ဒီအမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးပေးရမှာ ရှိတယ်။ ပြေးလို့မရဘူး” ဟု ဦးမောင်ကျော်ဇံက ဆိုသည်။

လတ်တလော ဦးမောင်သိန်းညွန့်ကို တရားစွဲသည့် အဖွဲ့အစည်းသည် မည်သည့်အဖွဲ့အစည်း ဖြစ်သည်ကို မသိရှိရသေးပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com