Web TV

တောင်းဆိုမှုများ မလိုက်လျောပါက သပိတ်စခန်းဖွင့်မည်ဟု ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီစက်ရုံမှ အလုပ်သမားများဆို

ရဲမျိုးခန့်/ရန်ကုန်ခေတ်သစ်

စက်ရုံအရှုံးပေါ်သည်ဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်းခံရသော ကျော်ထက်ကျော် အုတ်ကျင်းဂုန်နီစက်ရုံမှ အလုပ်သမားများ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် တောင်းဆိုချက်များ ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။ ၎င်းအပြင် တောင်းဆိုထားသောအချက်များအား စက်ရုံဘက်မှ လိုက်လျောပေးခြင်းမရှိပါက စက်ရုံရှေ့တွင် ၂၄ နာရီ သပိတ်စခန်းဖွင့်သွားမည်ဟုလည်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ကုမ္ပဏီအလုပ်သမားတစ်ဦးဖြစ်သူ ဒေါ်တိုးတိုးဝင်းက မီဒီယာများကို ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts