All News Local News

ငွေကျပ် သိန်းပေါင်း ၁ သိန်းကျော် လိမ်လည်ထားသည်ဆိုသော မယ်တော်ကြီး နန္ဒမာလာ ငါးပါးသီလပင် ဖြောင့်မှန်အောင် မဆိုနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၂

ငွေကြေးလိမ်လည်မှုများဖြင့် အလိုရှိနေသော သီလရှင်(ယောဂီ) နန္ဒမာလာ(ခ) ထန်နီဝင်းပြည့်၊ နှမ်းခါးရွာ၊ ဂန့်ဂေါမြို့နယ်ကို မန္တလေးတွင် အာဏာပိုင်များ ဖမ်းဆီးပြီး လူဝတ်လဲခိုင်းရာ ငါး ပါးသီလပင်ဖြောင့်မှန်အောင် မဆိုနိုင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သာသနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ဆရာတော် အရှင်ကဝိန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားချက်အရ သိရှိရသည်။

ယနေ့ နေ့လယ် ၁၂ နာရီတွင် နန္ဒမာလာကို လူဝတ်လဲလိုက်ခြင်းဖြစ်ပြီး ၉ ပါး သီလ ဆိုခိုင်းရာ ၅ ပါးသီလပင် မဆိုနိုင်ကြောင်း ဆရာတော် အရှင်ကဝိန်ကဆိုသည်။

ချမ်းအေးသာစံမြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က နန္ဒမာလာကို “ဘယ်နှစ်ပါးသီလ စောင့်ထိန်းနေသလဲ” မေးမြန်းရာ (၉)ပါးသီလ စောင့်ထိန်းပါကြောင်း လျှောက်ထား၍ (၉)ပါးသီလ အဆိုခိုင်းကြည့်ရာ (၉)ပါး မပြောနှင့် (၅)ပါးသီလပင် အစဉ်တကျဖြစ်အောင် မဆိုနိုင်၊ မည်သို့ပင် သာသနာပြုနေသည်ဟု ပြောစေကာမူ ၊ မည်သို့ပင် ဟိတ်ဟန် ဟိတ်လုံးများ ထုတ်စေကာမူ ယခုအခါ စွဲဆိုထားတဲ့ အမှုများကို ဖြေရှင်းရန် တရားရုံးတွင် တရားရင်ဆိုင် ဖြေရှင်းရတော့မည်ဖြစ်ကြောင်း အရှင်ကဝိန်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယောဂီဝတ် နန္ဒမာလာ လိမ်လည်ထားသည့် ငွေကြေးပမာဏသည် ငွေကျပ် သိန်း ၁ သိန်းကျော်ရှိသည်ကို အာဏာပိုင်များထံသို့ သတင်းအချက်အလက်များ ပေးပို့ထားပြီးဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက ရန်ကုန်ခေတ်သစ် သတင်းၤဌာနသို့ ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com