Web TV

ကိုသက်ဆွေဝင်းကို လောကသာရဆုချီးမြှင့်

[youtube]https://www.youtube.com/watch?v=S6rFcwP_tTQ&feature=youtu.be[/youtube]

ရန်ကုန်၊ ဇန်နဝါရီ ၇

၂၀၁၉ သင့်မြတ်ခြင်း နှင့် ငြိမ်းချမ်းရေး ကြိုဆိုပွဲ ၊ လောကသာရ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်နေ့က ပြင်ဦးလွင်မြို့ ၊ ဝါးဘိုးရေကျေးရွာ ၊ အာရှအလင်းရောင် ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့သည်။

ငြိမ်းချမ်းရေးပွဲ ကျင်းပခြင်း အကြောင်းရင်းက ဘာသာရေးပဋိပက္ခ မဖြစ်ပွားရအောင် ၊ ဘာသာရေးပဋိပက္ခကြောင့် မငြိမ်းချမ်းမှုတွေ မရှိရအောင် ၊ ငြိမ်းချမ်းမှုတွေ တည်ဆောက်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာနိုင်ဖို့အတွက် ရည်ရွယ် ပြုလုပ်တာဖြစ်ပါတယ် ဟု အာရှအလင်းရောင်ကျောင်းတိုက် ၊ ဆရာတော် ဘဒ္ဒန္တစိန္တိတ က ပြောဆိုသည်။

လောကသာရဆုချီးမြှင်ခြင်းအခမ်းအနားတွင် ၂၀၁၈ ခုနှစ် လောကသာရဆုဖောင်ဒေးရှင်းမှ လောကသာရဆုရှင်အဖြစ် ကိုသက်ဆွေဝင်း (လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ ၊ အမှုဆောင် ဒါရိုက်တာ ) ကိုကို ရွေးချယ်ပေးအပ်ခဲ့ပါသည်။

၂၀၁၈ လောကသာရဆုရှင် ကိုသက်ဆွေဝင်း သည် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး ၊ လူူမျိုးရေး ပဋိပက္ခများ ငြိမ်းချမ်းစေရန်အတွက် Pray For Myanmar လူငယ်ကွန်ရက်ကို ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရ ဆောင်ပုဒ် ကို တစ်နိုင်ငံလုံး လူထုအကြား ပျံနှံစေရန် ကမ်းပိန်းများ ပြုလုပ်ခဲ့ခြင်း ၊ ၂၀၁၄ ခုနှစ် ပန်းစကား ကမ်ပိန်းတွင် ပါဝင်ခဲ့ခြင်း ၊ စသည့် ငြိမ်းချမ်းရေး လုပ်ငန်းများကို အတိုက်အခိုက် အမျိုးမျိူးကြားမှ ဆုတ်နစ်မှုမရှိဘဲ ဆောင်ရွက်နိုင်ခြင်းကြောင့် ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts