All News Local News

ကချင်ပြည်နယ်အစိုးရ လစ်လပ်ပြည်နယ်ဝန်ကြီး ၃ နေရာအတွက် NLD ပါတီဝင် ဝန်ကြီးသစ် ၄ ဦးခန့်အပ်ရန်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်အစိုးရ ၊ လစ်လပ်ဝန်ကြီး ၃ နေရာတွင် NLDပါတီဝင် ဝန်ကြီးသစ် ၄ ဦး ခန့်အပ်ရန် စီစဉ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သတင်းရပ်ကွက်မှ သိရှိရသည်။

“လစ်လပ်နေတာက ဝန်ကြီးနေရာ ၃ မှာ ဝန်ကြီးသစ် ၄ ဦး ခန့်အပ်မယ်။ ပူးတွဲဖြစ်နေတဲ့ ဌာနတွေကို ခွဲထုတ်ပြီး နောက်ထပ် ဌာနတစ်ခု အတွက် ဝန်ကြီးသစ် ၁ ဦး ထပ်တိုးခန့်မှာ။ အခု စိစစ်မှုတွေက လုပ်နေပါပြီ” ဟု NLD သတင်းရပ်ကွက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အစိုးရ ဝန်ကြီးသစ် ၄ ဦးတွင် ၃ ဦးမှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပြီး ၁ ဦးမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော ပြင်ပမှ ဖြစ်ကြောင်း၊ သို့ရာတွင် အားလုံးမှာ NLD ပါတီဝင်များဖြစ်ကြောင်း အဆိုပါသတင်းရပ်ကွက်မှ သိရှိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကချင်ဝန်ကြီး၃ ဦးကို နုတ်ထွက်ရန် ညွှန်ကြားပြီးနောက် နိုင်ငံတော်သမ္မတရုံးက ကချင်ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်း၊လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ်သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ရာထူးမှဖယ်ရှားကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့စွဲဖြင့် အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com