All News Local News

ကချင်ပြည်နယ်ဝန်ကြီး ၃ ဦးကို ရာထူးမှ ဖယ်ရှား

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်အစိုးရ၊ ဝန်ကြီး ၃ ဦးကို ရာထူးမှ နုတ်ထွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်က အမိန့်စာထုတ်၍ ရာထူးမှ ဖယ်ရှားလိုက်သည်။

ကချင်ပြည်နယ်ဝန်ကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်ကို ရာထူးတာဝန်မှ ရပ်စဲပြီး ကျန် ဝန်ကြီး ၂ ဦးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြသိန်းလူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကို ၎င်းတို့၏ ဆန္ဒသဘောအလျောက် ရာထူးတာဝန်မှ နုတ်ထွက်ခွင့်ပြုသည်ဟု သမ္မတရုံး၏ အမိန့်တွင် ဖော်ပြထားသည်။

ဝန်ကြီး ၃ ဦး နုတ်ထွက်ရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး အဘယ်ကြောင့် ရာထူးတာဝန်မှ ဖယ်ရှားရှင်းလင်းသနည်းဆိုသည်ကို အစိုးရကဘက်က သတင်းထုတ်ပြန် ရှင်းလင်းခြင်း မရှိသေးပေ။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကမူ ဝန်ကြီး ၃ ဦး နုတ်ထွက်ရန် ညွှန်ကြားခြင်းသည် အထက်က ညွှန်ကြားချက်ဖြစ်ကြောင်း ယမန်နေ့က သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts