All News Local News

MPC နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်တွင် တွေ့ဆုံမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC) နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ တွေ့ဆုံမည်ဖြစ်ကြောင်း MPC ၏ အထွေထွေအတွင်းရေးမှူးဦးကျော်စွာမင်းက ပြောသည်။

“ဘုရင့်နောင်ရိပ်သာမှာ မနက်ဖြန် ၉ နာရီခွဲ တွေ့မှာပါ။ ကောင်စီအားလုံးကို ဖိတ်တာပါ” ဟု ဦးကျော်စွာမင်းက ပြောသည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နိုဝင်ဘာလ ၂၃ ရက်နေ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံတွင် ကတိသစ္စာပြုပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ပထမအကြိမ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တပ်မတော်အကြား အကြိမ်ကြိမ် တွေ့ဆုံမှု ရှိခဲ့သော်လည်း တပ်မတော်ထံမှ သတင်းရရှိမှု၊ သတင်းလွတ်လပ်ခွင့် အသိအမှတ်ပြုမှု တိုးတက်လာခြင်းမရှိဟု ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။

Photo Credit – Dpa

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts