All News Local News

၇ ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ဆွေးနွေးချက်များ သတင်းရေးသားခွင့် ပိတ်ပင်

နေပြည်တော်၊ ဒီဇင်ဘာ ၅

နေပြည်တော်၊ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၇ ကြိမ်မြောက် မီဒီယာဖွံ့ဖြိုးရေးညီလာခံတွင် ဆွေးနွေးချက်များကို သတင်းရေးသားခြင်းမပြုရန် အစည်းအဝေးခန်းမတွင် တရားဝင်ကြေညာသည်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် မိန့်ခွန်းပြောကြားပြီးနောက် Round Table Talk များ စီစဉ်ထားရာ ယင်း ဆွေးနွေးပွဲများမှ ပြောကြားချက်များကို သတင်းရေးသားခွင့်မပြု၊ Live လွှင့်ခြင်းမပြုဟု အစီအစဉ် အခမ်းအနားမှူးက ကြေညာခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရှိရသည်။

ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် မိန့်ခွန်းပြောပြီးနောက် ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှ လွတ်လပ်စွာ ပြောဆို ထုတ်ဖော်ရေးသားခွင့်နှင့် သတင်းအချက်အလက်များ လွတ်လပ်စွာ ရယူခွင့်သို့၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဘယ်လိုတိုင်းတာကြမလဲ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့်မီဒီယာများ ဥပဒေ နည်းဥပဒေနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ မီဒီယာနှင့် သတင်းသမားများ၏ လုံခြုံရေး၊ ဒီဂျီတယ်ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်းမီဒီယာများ ရှင်သန်ရပ်တည်ရေးနှင့် ရေရှည်တည်တံ့ရေး၊ အနှစ်ချုပ်ခြင်းနှင့် အဆုံးသတ်ခြင်းဟူ၍ ခေါင်းစဉ်ခွဲများဖြင့် ဆွေးနွေးပွဲများ ကျင်းပနေခြင်း ဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com