All News Local News

ဦးမိုးရန်နိုင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်နိုင်သူအဖြစ် ပဲန်မြန်မာက ဆုချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရိုက်တာသတင်းထောက် ၂ ဦးကို ရဲမှူးချုပ်တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခိုင်းခဲ့ကြောင်း ထွက်ဆိုခဲ့သူ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်နိုင်သူအဖြစ် ဂုဏ်ပြုသည့်ဆုနှင့် ဆုတော်ငွေကျပ် (၁၅) သိန်းကျော်ကို ပဲန်မြန်မာက ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ချီးမြှင့်လိုက်ကြောင်း သိရှိရသည်။

ပဲန်မြန်မာ ငါးကြိမ်မြောက် နှစ်ပတ်လည်အထွေထွေညီလာခံ ၂၀၁၈ ကို ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ဒီဇင်ဘာလ ၂၂ နေ့က ပြုလုပ်ခဲ့ပြီး ယင်းညီလာခံတွင်ပင် အဆိုပါဆုကို ချီးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဲန်မြန်မာ၏ ထုတ်ပြန်ချက်တွင် ရဲ (နိုင်ငံ)ဝန်ထမ်းဟောင်းတစ်ဦး၏ မာနနှင့်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ဖြစ်ရပ်မှန်ကို ထွက်ဆိုခဲ့ခြင်းကြောင့် တာဝန်မှ ရပ်စဲခံခဲ့ရပြီး ထောင်သွင်းအကျဉ်းချခံရ ခြင်း၊မိသားစုများအား ဝန်ထမ်းအိမ်ရာမှ ချက်ချင်းပြောင်းရွှေ့စေခိုင်းခံရခြင်း ကဲ့သို့သော အဖြစ်ဆိုးများ ကြုံတွေ့ရသည်ဟု ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com