All News Web TV

အမှားမလုပ်ထား၍ ရန်ကုန်တိုင်းအစိုးရကို မတောင်းပန်နိုင်သော်လည်း ပူးပေါင်း အဖြရှာရန် အဆင့်သင့်ရှိဟု Eleven ပြော

[youtube]https://www.youtube.com/watch?v=o7pvRhY6d-Q&feature=youtu.be[/youtube]

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းအစိုးရနှင့် Eleven သတင်းမီဒီယာအကြားဖြစ်ပွားနေသည့် သတင်းဆောင်းပါး တစ်ပုဒ်နှင့်ပတ်သက်၍ မှားယွင်းမှု တစ်စုံတစ်ရာ ကျူးလွန်ထားခြင်းမရှိ၍ မတောင်းပန်နိုင် သော်လည်း ပူးပေါင်းအဖြေရှာရန် အဆင်သင့်ရှိကြောင်း Eleven မီဒီယာ၏ အယ်ဒီတာချုပ် ဦးကျော်ဇောလင်းကပြောသည်။

ယနေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက Eleven သတင်းမီဒီယာမှ တာဝန်ရှိသူများကို MPC ရုံးခန်းသို့ ခေါ်ယူ စစ်ဆေးကြားနာမှု လုပ်ဆောင်ခဲ့ပြီး ယင်းကြားနာမှုအပြီးတွင် အယ်ဒီတာ ချုပ် ဦးကျော်ဇောလင်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းအစိုးရအဖွဲ့ဘက်ကနေပြီးတော့ တောင်းဆိုတဲ့အချက်တွေ ကျနော်တို့ကို ပြောပြတယ်။ ကျနော်တို့ရဲ့သဘောထားက ဘယ်လိုရှိသလဲပေါ့။ ဒါကို ကျနော်တို့ကို မေးမြန်းတယ်ပေါ့။ ဒါမှ သူတို့ ဟိုဘက်ကို ပြန်ပြီးညှိနှိုင်းမှဖြစ်မယ်ဆိုတော့ ကျနော်တို့ကို မေးမြန်းတာပေါ့။ ဆောင်းပါးရှင်က ဘာကြောင့် ကျနော်တို့ရေးလိုက်တဲ့ ဒီသုံးသပ်ချက် သတင်းသုံးသပ်ချက်က ဘာကြောင့်ရေးရတယ်၊ ဘယ်အချက်တွေအပေါ် အခြေခံပြီးရေးတယ်။ ဒီလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်ပြောတာရေးတယ်။ လွှတ်တော်မှာ စာရင်းစစ်ချုပ်က အစီရင်ခံစာပြောတဲ့အရ ရေးတယ်ဆိုတဲ့ဟာကို ကျနော်တို့က အဓိက ဒီမှာပြောတယ်။ အဲဒီတော့ ကျနော်တို့က မှားယွင်းတဲ့အချက်အလက်မရှိဘူး၊ ဒါကိုပဲ အခြေခံပြီးရေးတယ်” ဟု ဦးကျော်ဇောလင်းက ပြောသည်။

ပြည်သူ့ဘဏ္ဍာမနစ်နာစေရန် ဆောင်းပါးတွင် ထောက်ပြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရကို ထိခိုက်နစ်နာစေလိုခြင်းမရှိကြောင်း၊ မှားယွင်းမှုမရှိ၍ မတောင်းပန်နိုင်သော်လည်း အဖြေရှာရန် ရှိကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့သည် ကျနော်တို့မမှားယွင်းတဲ့အတွက် သူတို့တောင်းဆိုတဲ့ တောင်းပန်ရမယ် ဆိုတဲ့ဟာမျိုး ကျနော်တို့မှာ တောင်းပန်ဖို့တော့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ မှားယွင်း ထားတာမဟုတ်တဲ့အတွက်။ လွှတ်တော်မှာပြောတဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ က လွဲသွားတာလား၊ စာရင်းစစ်ချုပ်က လွဲတာလား၊ အဲဒီလွဲတဲ့ အပေါ်မူတည်ပြီး ကျနော်တို့က ညှိလို့ရတယ်။ သူတို့ဘာနစ်နာလဲ ကျနော်တို့က ပြန်ပြီးတော့ ညှိလို့ရတယ်။ ဒါ ကျနော်တို့ရဲ့ သဘောထားကို ကျနော်တို့က ပြောပြတာ။ တကယ်လို့ လိုအပ်လို့ရှိရင် ဒီ ဖြစ်နေတဲ့ အငြင်း ပွားမှု ပြဿနာမှာ ကျနော်တို့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ စာရင်းစစ်ချုပ်က အဖွဲ့ တွေနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ အဖြေရှာလို့ရတယ်။ ကျနော်တို့ Defend လုပ်တဲ့ဟာသည် မှားယွင်းတာမဟုတ်တဲ့အတွက် ကျနော်တို့ မတောင်းပန်ဘူး” ဟု ဦးကျော်ဇင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက Eleven သတင်းသမား ၃ ဦးကို “အမြဲရှုံးနေတဲ့စက်သုံးဆီဆိုင် တွေပိတ်ရေး၊ ငွေချေးသူဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါးကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ နိုင်ငံတော် ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခဲ့ပြီး သမ္မတ ညွှန်ကြားချက်ကြောင့် အမှုပြန်လည်ရုပ်သိမ်းကာ MPC ထံ တိုင်ကြားမှု ဆောင်ရွက်လာရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts