All News Local News

အစိုးရ စစ်တပ်က စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းမည်ကြေညာပြီး ၃ ရက်အကြာ TNLA နှင့် တိုက်ပွဲဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အစိုးရစစ်တပ်က စစ်ရေးလုပ်ရှားမှု ရပ်ဆိုင်းထားသည်ဆိုသော အရှေ့မြောက်ပိုင်းတိုင်းဌာနချုပ်နယ်မြေ ကွတ်ခိုင်မြို့တွင် ပလောင်လွတ်မြောက်ရေးတပ်(TNLA) နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ်၊ TNLA တပ်မဟာ ၅ နယ်မြေ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း ၇ နာရီ ၂၀ မိနစ်မှ ၇ နာရီ ၄၀ မိနစ်အထိ TNLA နှင့် ရှောက်ဟော်မှ ရွှေမော်ကျေးရွာသို့ ထိုးစစ်ဆင်လာသည့် မြန်မာ့စစ်တပ် တပ်မ ၁၁၊ ခမရ ၂၁၉ တို့ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အစိုးရစစ်တပ်က TNLA တပ်စခန်းနေရာသို့ ထိုးစစ်ဆင်လှုပ်ရှား လာသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်မတော်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပေ။

တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ စစ်တိုင်း (၅) ခုအတွင်း စစ်ဆင်ရေး နယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည်ဟု ထုတ်ပြန်ပြီး ၃ ရက်အကြာတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

ဓာတ်ပုံ- TNLA က ထုတ်ပြန်သော တိုက်ပွဲဖြစ်ပွားရာနေရာ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts