All News Local News

အငြိမ်းစား အစိုးရဝန်ထမ်းများအားလုံး၏ ပင်စာလစာကို အရာထမ်းဆိုလျှင် ၁၀ ရာခိုင်နှုန်း၊ အမှုထမ်းဆိုလျှင် ၂၀ ရာခိုင်နှုန်းစနစ်ဖြင့် တိုးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

အငြိမ်းစား အစိုးရဝန်ထမ်းများအားလုံး၏ ပင်စင်လစာကို လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍ တိုးမြှင့်ခံစားခွင့် ပေးလိုက်ပြီဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“၁၀ ၊ ၂၀ စနစ်နဲ့ တိုးမြှင့်လိုက်တာပါ။ အမှုထမ်းဆိုရင် ၂၀ ရာခိုင်နှုန်း၊ အရာထမ်းက ၁၀ ရာခိုင်နှုန်းပါ။ သူတို့ရနေတဲ့ လစာအပေါ်မှာ ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း တွက်ချက်ပြီး တိုးပေးမှာပါ။ လာမယ့် ၂၀၁၉ ဇန်နဝါရီလကစပြီး တိုးမြှင့်ပင်စင်လစာကို ခံစားလို့ရပါပြီ။ အခု တိုးမြှင့်လိုက်တဲ့အတွက်ကြောင့် ပင်စင်လစာတွေ အားလုံးက တပြေးညီဖြစ်သွားမယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာကိုတိုးမြှင့်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာကိုလည်း ယနေ့ ထုတ်ပြန်လိုက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး ၂၂ / ၂၀၁၈ အရ တိုးမြှင့်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts