All News Local News

လူမျိုးတုံးသတ်ဖြတ်မှု မြန်မာစစ်တပ်ကျူးလွန်ကြောင်းနှင့် ရိုက်တာသတင်းထောက် ၂ ဦး လွှတ်ပေးရန် Resolution 1091 ကို အမေရိကန်အောက်လွှတ်တော်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အမေရိကန်အောက်လွှတ်တော်က မြန်မာစစ်တပ်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးရေး ဆုံးဖြတ်ချက် Resolution 1091 ကို ချမှတ်လိုက်ကြောင်း VOA သတင်းက သတင်းဖော်ပြပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို မြန်မာစစ်တပ်တွေက တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်မှာ မွတ်စလင်တွေအပေါ် Genocide လို့ခေါ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း၊ အင်းဒင်ကျေးရွာမှာ မွတ်စလင် ၁၀ ဦးအသတ်ခံရမှုကို သတင်းယူခဲ့မှုနဲ့ ပတ်သက်လို့ ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ ပြန်လွှတ်ပေးရေးအတွက် အဓိကတောင်းဆိုတဲ့ Resolution 1091 ဆုံးဖြတ်ချက် ၁၀၉၁ ကို ၁၁၅ကြိမ်မြောက် အောက်လွှတ်တော်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အသံနဲ့ မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်ဖို့ နိုင်ငံခြားရေး ဆပ်ကော်မတီဝင်တွေဖြစ်ကြတဲ့ အိုဟိုင်းယိုးပြည်နယ်က Republican အောက်လွှတ်တော်အမတ် Steve Chabot နဲ့New York ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Eliot Engel တို့ ဦးစီးပြီး ဒီမိုကရက် တွေရော၊ Republican အမတ်တွေရော ပူးတွဲတင်သွင်းခဲ့ကြတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

အလားတူ အထက်လွှတ်တော်မှာလည်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအပေါ် ပစ်မှတ်ထားအရေးယူဖို့ Burma Human Rights and Freedom Act of 2018 ကိုလည်း ပြန်လည်တင်သွင်းဖို့ ကြိုးပမ်းနေတယ်လို့ VOA သတင်းက ဖော်ပြပါတယ်။

Photo Credit- Free Wa Lone and Kyaw Soe Oo

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com