All News Local News

လားရှိုးကျာင်းသားသမဂ္ဂဥက္ကဋ္ဌကို ငြိမ်းစုစီပုဒ်မ ၁၉ ချိုးဖောက်မှုဖြင့် ဒဏ်ငွေ ၂ သောင်းအမိန့်ချ၊ လားရှိုးမြို့တော်ခန်းမတွင် ၃ ရက်မြောက်အဖြစ် အစာငတ်ခံ သပိတ်မှောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

လာရှိုးနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုစိုင်းကျော်ဇောဟန်ကို အကြောင်းကြားခြင်းမရှိဘဲ ဆန္ဒပြမှု ငြိမ်းစုစီ ပုဒ်မ ၁၉ ချိုးဖောက်မှုဖြင့် လာရှိုးမြို့နယ်တရားရုံးက ငွေဒဏ် ၂ သောင်းချမှတ်လိုက်ပြီး ၃ ရက်မြောက်အဖြစ် လားရှိုးမြို့တော်ခန်းမရှေ့တွင် ဆက်လက် အစာငတ်ခံ သပိတ်မှောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍က ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို လားရှိုးနည်းပညာတက္ကသိုလ်ဆိုင်းဘုတ်ရှေ့တွင် ကိုစိုင်းကျော်ဇောဟန် အစာငတ်ခံဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းနောက် အာမခံယူရန် ရဲတပ်ဖွဲ့က ပြောဆိုသော်လည်း ကိုစိုင်းကျော်ဇောဟန်က မယူဘဲ ငြင်းဆန်ခဲ့ကြောင်း၊ ၂ ရက်တာ ရဲစခန်းတွင် နေထိုင်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့တွင် လားရှိုးမြို့နယ် တရားသို့ တင်ပို့ပြီး ငွေဒဏ် ၂ သောင်းချမှတ်ခဲ့ကြောင်း သိရှိရသည်။

“တရားရုံးကနေ ဒဏ်ငွေဆောင်ဖို့ အမိန့်ချပါတယ်။ ကိုကျော်စောဟန်က ဒဏ်ငွေမဆောင်ဖို့ ငြင်းပါတယ်။ အဲ့ဒါကို ဘယ်သူက ဒဏ်ငွေလာဆောင်ပေးသွားမှန်း မသိပါဘူး။ အခုညနေ လားရိူးမြို့တော်ခန်းမရှေ့မှာ ဆန္ဒထပ်ပြပါမယ်။ အခုချိန်ထိတော့ ဘာမှမစားသေးပါဘူး ။တောင်းဆိုချက်တွေမရမချင်း ဆက်တိုက်သွားပါ့မယ်တဲ့” ဟု ကိုစိုင်းကျော်ဇောဟန်ကို အနီးကပ်ကူညီနေသူ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နည်းပညာတက္ကသိုလ် (လားရိူး) ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် ကျောင်းအပ်နှံကာလတွင် ဗလာစာအုပ်၊ ပြက္ခဒိန်၊ ကျောင်းသားကတ်၊ ဖောင်ကြေး၊ ရင်ထိုး၊ မဂ္ဂဇင်း စသည်တို့ကို အကြောင်းပြကာ ကျောင်းသားကျောင်းသူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံခဲ့ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အဆိုပါပစ္စည်းများ၏ တန်ဖိုးငွေ ၁၄၅၀၀ ကိုမပေးသွင်းပါက ကျောင်းအပ်နှံရန်အတွက် ဖောင်ကို မရရှိခဲ့ကြောင်း၊ နည်းပညာတက္ကသိုလ်(လားရိူး) ကျောင်းအုပ်ချုပ်ရေးတာဝန်ရှိသူများထံ ထပ်မံစုံစမ်းရာ အဆိုပါရောင်းချသောပစ္စည်းများအနက်မှ ဗလာစာအုပ်ကို ဆရာသမဂ္ဂရန်ပုံငွေအတွက် ရောင်းချပေးချင်းဖြစ်ပြီး၊ ပြက္ခဒိန်ကိုမူ ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် အဆင်ပြေသော ကျောင်းသားသမဂ္ဂရန်ပုံငွေအတွက် ရောင်းချခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရန်ပုံငွေအတွက် ကျောင်းသားကျောင်းသူတိုင်းအား ပစ္စည်းများမဝယ်မနေရရောင်းချခြင်းကြောင့် အဆင်မပြေမှုများကို သိရှိလာရသဖြင့် လားရိူးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရပကသ) မှ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းအုပ်ချုပ်ရေးအဖွဲ့သည် ကျောင်းသားသမဂ္ဂမှ ၂၀၁၇ ခုနစ်ကတည်းက အသုံးပြုလာသောရုံးခန်းကို တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ သော့ဖျက်ဝင်ရောက်ကာ ကျောင်းသားသမဂ္ဂအလံတော်ကိုဖြုတ်ချ၍ လက်ဝေခံသမဂ္ဂအား အသုံးပြုစေခဲ့ကြောင်း၊ ယင်းသို့သော ကျောင်းသားထုကို ဖိနှိပ်လာသည့်အတွက် ကိုစိုင်းကျော်ဇောဟန်က အချက် ၇ ချက်ပါ တောင်းဆိုချက်ရရှိရေး သပိတ်မှောက်တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com