Local News political news

ရိုက်တာသတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့မှု ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေကို အရေးယူပေးဖို့ PCMJ က တပ်ချုပ်ထံ တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ရဲလုံခြုံရေးအဖွဲ့က ထောာင်ချောက်ဆင် ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ လက်နက်ကိုင်တပ်တွေအားလုံးရဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရေးယူဆောင်ရွက်ပေးဖို့ မြန်မာသတင်းသမားများကာကွယ်ရေးကော်မတီက တပ်ချုပ်နဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တယ်လို့ PCMJ က သတင်းထုတ်ပြန်ပါတယ်။

PCMJ က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့အခါမှာ စာ ၃ စောင် ပေးအပ်ခဲ့ပြီး ရိုက်တာသတင်းထောက် ၂ ဦး၏ ဇနီး ၂ ဦးက ရေးသားထားသည့် စာ ၁ စောင်၊ ဒုရဲမှူး မိုးရန်နိုင်၏ ဇနီး က ရေးသားထားသည့် စာ ၁ စောင်၊ မြန်မာသတင်းသမား ကာကွယ်ရေးကော်မတီက ရေးသား တင်ပြထားသည့် စာ ၁ စောင် စုစုပေါင်း စာ ၃ စောင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်ထဲကို ထည့်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲမှာလည်း ရိုက်တာသတင်းထောက် ၂ ဦး အမှုဟာ ထောင်ချောက်ဆင် ဖမ်းဆီးခြင်းဖြစ်ကြောင်း သက်သေသာဓကရှိတယ်လို့ ပြောဆိုခဲ့တဲ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဒီဖြစ်စဉ်ကို အရေးယူပေးဖို့လည်း ထပ်မံတိုက်တွန်းပြောဆိုခဲ့တယ်လို့ PCMJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com