All News Local News

မြိတ်ကျွန်းစု အပန်းဖြေခရီးစဉ်တွင် စပိဘုတ် တိမ်းမှောက်၊ ရန်ကုန်နှင့်တောင်ကြီးမှ အမျိုးသမီး ၂ ဦး ရေနစ်သဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုသို့ အပန်းဖြေခရီး အလည်အပတ်ပို့ဆောင်သည့် စပိဘုတ် ၁ စီး ယနေ့ မွန်းလွဲ ၂ နာရီ ခန့်က တိမ်းမှောက်ပြီး အမျိုးသမီး ၂ ဦး ရေနစ်သေဆုံးသွားကြောင်းမြိတ်မြို့၊ ချမ်းမြေ့ အခမဲ့ ကူညီရေးအသင်းမှ ဦးအေးဝင်းက ပြောသည်။

“ဖြစ်စဉ်အသေးစိတ်ကတော့ မသိရသေးဘူး။ အခု အလောင်း ၂ လောင်း သယ်လာပြီး ဆေးရုံကို ပို့နေပါပြီ။ ၂ ဦးစလုံး အမျိုးသမီးတွေချည်းပဲ။ တစ်ဦးက ရန်ကုန်က ။ တစ်ဦးက တောင်ကြီးက လို့ပြောတယ်။ ရန်ကုန်က အမျိုးသမီးကတော့ အလောင်းပြန်သယ်မယ်” ဟု ဦးအေးဝင်းက ပြောသည်။

ထူးထက်ရှိန်ခရီးသွားကုမ္ဗဏီကစီစဉ်သည့် အပန်းဖြေခရီးအဖြစ် မြိတ်ကျွန်းစုဘက်သို့ စပိဘုတ်ဖြင့် လည်ပတ်စဉ် စပိဘုတ်တိမ်းမှောက်ခြင်းဖြစ်ကြောင်း မြတ်ထွဋ်(မြိတ်) သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြိတ်မြို့ မှ တိုင်းဒေသကြီးလွှတ်တော်အမတ် ဒေါ်ရီရီချိုကမူ ဖြစ်စဉ် အသေးစိတ်မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts