All News Local News

မြန်မာပြည်ကို သွားလည်ဖို့ တိုက်တွန်းတဲ့ Twitter CEO အပြင်းအထန်ဝေဖန်ခံနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံကို သူ့မွေးနေ့ အထိမ်းအမှတ် သွားရောက်လည်ပတ်ခဲ့ပြီး ဝိပသနာ တရားစခန်း ဝင်ခဲ့တဲ့ Twitter အမှုဆောင်အရာရှိချုပ် (CEO) Jack Dorsey ဟာ မြန်မာနိုင်ငံကို သွားလည်ဖို့ တိုက်တွန်းခဲ့တာကြောင့် အပြင်းအထန်ဝေဖန်ခံနေရပါတယ်။

Jack Dorsey က ၂၀၁၈ ခုနှစ်မှာ ကျရောက်မယ့် သူ့မွေးနေ့အတွက် မြန်မာနိုင်ငံကို နိုဝင်ဘာလအတွင်း သွားရောက်ခဲ့ပြီး ပြင်ဦးလွင်က တရားစခန်းတစ်ခုမှာ ၁၀ ရက်ကြာ တရားစခန်းဝင်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်၊ မန္တလေး၊ ပုဂံဒေသတွေကို သွားရောက် လည်ပတ်ခဲ့ပြီး သီလရှင်တွေကိုလည်း ဆွမ်းကပ်ခဲ့ပါသေးတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့ Followers ၄ သန်းရှိတဲ့ သူရဲ့ Twiiter စာမျက်နှာ အဲဒီအကြောင်း ဖော်ပြခဲ့ပြီး မြန်မာပြည်သူတွေက ပျော်ရွှင်နေပြီး အစားအသောက်တွေကလည်း အံ့သြဖွယ် ကောင်းတာကြောင့် သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းခဲ့တာပါ။

ရခိုင်ပြည်နယ်မွတ်စလင်အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေတာကို လျစ်လျူရှုပြီး မြန်မာကို လည်ဖို့ တိုက်တွန်းတာကြောင့် သူ့ကို အကြီးအကျယ် ဝေဖန်နေကြ တာလည်းဖြစ်ပါတယ်။

Twitter အကြီးအကဲဖြစ်သူ Jack Dorsey ရဲ့ မြန်မာနိုင်ငံကို သွားလည်ဖို့ တိုက်တွန်းတာဟာ “ဒါက တကယ့်ကို အစွန်းရောက်ပြီး တာဝန်မယူတဲ့ ထောက်ခံချက်ပါပဲ” လို့ Twitter မှာ တုံ့ပြန်ရေးသားမှုတွေ မြင်တွေ့ရပါတယ်။

Jack Dorsey ကတော့ မြန်မာနိုင်ငံကို နှစ်စဉ်နှစ်တိုင်း လည်ပတ်ပြီး ဝိပသနာတရားစခန်း ဝင်တာတွေကို အချိန်ကြာကြာ လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သူရဲ့ Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com