All News Local News

ဖျာပုံကတပ်ထောက်ခံပွဲ စည်းကမ်းချိုးဖောက်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဒီနေ့ နံနက်ပိုင်းက တပ်ထောက်ခံပွဲ ကျင်းပခဲ့ပြီး အဲဒီတပ်ေ်ထာက်ခံပွဲက စည်းကမ်းချိုးဖောက်မှု ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖျာပုံ တပ်မတော်ထောက်ခံပွဲမှာ တပ်မတော်အရာရှိဝန်ထမ်းဟောင်းတွေ၊အမျိုးသားရေးလှုပ်ရှားတက်ကြွသူတွေ(မဘသ)၊ သံဃာတချို့ပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲ ကျင်းပပြုလုပ်ဖို့ လျှောက်ထားခဲ့ချိန်က နံနက် ၈နာရီမှ ၉နာရီဖြစ်ပါတယ်။

ဒါပေမယ့်လည်း တပ်ထောက်ခံပွဲ ကို နံနက် ၇ နာရီ ၃၀ မိနစ်မှာ အချိန်စော လုပ်ဆောင်ခဲ့ကြပြီး ၈ နာရီ ၂၀ မိနစ်မှာ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သုံးဘီးဆိုင်ကယ်တွေပေါ် ဆောင်းဘောက်တွေတင်ပြီး တပ်မတော်ကိုထာက်ခံကြောင်း၊ ပြည်သူနဲ့ တပ်မတော် တသားတည်းရှိကြောင်း တပ်ထောက်ခံပွဲ ပါဝင်သူတွေက ပြောဆိုခဲ့ကြပါတယ်။

အဲဒီတပ်မထောက်ခံပွဲကို အင်အား ၃၅၀ခန့်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts