Local News political news

ဖမ်းဆီးထားသော တပ်ဖွဲ့ဝင်များနှင့် အရပ်သား ၁ ဦး ပြန်လွှတ်ပေးဖို့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NRPC ထံ ABSDF တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ပါ တာဝန်များကို အကောင်အထည်ဖော်လျက်ရှိနေချိန်တွင် တပ်ဖွဲ့ ၂ ဦး နှင့် အရပ်သား ၁ ဦးကို ဖမ်းဆီးထားမှုကို အမြန်ဆုံး အရေးယူ ကူညီဆောင်ရွက်ပေးပါရန် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRCP) ဥက္ကဋ္ဌ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူးထံသို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသော ရဲဘော်အောင်ဆွေဦး၊ ရဲဘော်မောင်ဦးတို့သည် မိုးညှင်းတွင် ကွယ်လွန်သွားသော ရဲဘော် ပေါက်ကွေး(ခ) နိုင်ထွန်းထွန်း၏ ဈာပနသို့ သွားရောက်စဉ် နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းခံလိုက်ရကြောင်း၊ အရပ်သား တစ်ဦး ကိုမောင်ကိန်း(ခ) သန်းထိုက်အောင်ပါ ဖမ်းဆီးခံရကြောင်း၊ ABSDF သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသဘာတူညီချက်အတိုင်း ဆက်လက်တည်ရှိနေသည့်အပြင် NCA ပါ တာဝန်များကိုလည်း အကောင်အထည်ဖော်နေကြောင်း၊ ထို့ကြောင့် တပ်ဖွဲ့ဝင်များနှင့် အရပ်သား ၁ ဦး အဖမ်းဆီးခံနေရမှုမှ အမြန်ဆုံးပြန်လည် လွတ်မြောက်ရေး အကူအညီတောင်းခံကြောင်း စာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts