All News Local News

ပုဒ်မ ၅၀၀ ဖြင့် ထောင်ချခံရသူ ၃ ဦး အတွက် ဆန္ဒထုတ်ဖော်သော ကချင်လူငယ် ၃ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့က တပ်မတော်ကို အကြည်ညိုပျက်စေသည်ဆိုသော ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်လိုက်သော ကချင်တက်ကြွလှုပ်ရှားသူ ၃ ဦး အတွက် ဆန္ဒထုတ်ဖော်သူ ကချင်လူငယ် ၃ ဦးကို ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့် လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ တရားရုံးစီရင်ချက် ထွက်ပေါ်ပြီးနောက် ယင်းစီရင်ချက်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည့် မဆွတ်ဆိုင်းထွယ်၊ ကိုဘရန်မိုင်၊ ကိုဆိုင်းခွမ်အောင်တို့ ၃ ဦးကို မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ က ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည်ဟုဆိုကာ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts