Local News political news

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မဝင်တာ လာဘ်ပေးလာဘ်ယူမှုများနေလို့ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတာဟာ အဂတိလိုက်စားမှု များနေတာကြောင့်ဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာန ၊ ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုလိုက်ပါတယ်။

ယနေ့ ရန်ကုန်မြို့၊ Rose Garden Hotel မှာ ပြုလုပ်တဲ့ အဂတိလိုက်စားမှှု တားဆီးကာကွယ်စို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့ ( ဖိုရမ်) မှာ အဲဒီလို ပြောလိုက်တာဖြစ်ပါတယ်။

အဂတိ လိုက်စားမှု ကင်းစင်လာရင် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုက်သော်လည်း နိုင်ငံအတွင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေများနေတာကြောင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ နည်းပါးနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“စီးပွားရေးလုပ်ငန်းတွေမှာ အဂတိလိုက်စားမှှု များနေရင် ကုန်သင့်တာထက်ပိုကုန်တယ်။ ကြာသင့်တာထက် ပိုကြာတယ်။ စီးပွားရေး လုပ်ငန်းတွေမှက အချိန်နဲ့ အညီအလုပ်လုပ်ရတာ ။ ကြာသင့်ထက် အချိန်ထက် ပိုကြာသွားမယ်ဆိုရင် လုပ်ငန်းရှင်အတွက် ထိခိုက်မှု ရှိတယ်။နောက်တစ်ခုက ကုန်သင့်တာထက် ပိုကုန်တယ်ရင် သူရဲ့အမြင်မှာ ထိခိုက်မှု ရှိတယ် ။ ဒါကြောင့် ကျနော်တို့က ဒီအဂတိလိုက်စားမှု ၊လာဘ်ပေးလာဘ်ယူ များတဲ့ နိုင်ငံတိုင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့တဲ့ သူတွေက အထူးသဖြင့် Investor တွေက ဒီနိုင်ငံတွေမှဘယ်လောက် အခြေအနေရှိလဲ ၊ ဆိုးလား ၊ ကောင်းလား အမြဲတမ်း လေ့လာလေ့ရှိတယ်။ အဲ့တော့ လာဘ်ပေးလာဘ်ယူ သိပ်များတဲ့နိုင်ငံတွေဆိုရင် ရင်းနှီးမြှုပ်နှံမှု ဝင်တာနည်းတယ်။ ဥပမာအားဖြင့် – အာဆီယံထဲမှာ ကြည့်လိုက်ရင် စင်ကာပူက လာဘ်ပေးလာဘ်ယူ အနည်းဆုံးနဲ့ အကင်းရှင်းဆုံး အဖြစ် ရှိနေတယ်” လို့ ဦးအောင်နိုင်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း၊ မီဒီယာတွေ အားလုံးစုပေါင်း လုပ်ဆောင်ဖို့ လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှု နဲ့ အချိန်ယူဆောင်ရွက်မှ အောင်မြင်မယ်လို့ သူက ဆိုပါတယ်။

“အဂတိလိုက်စားခြင်းက အချိန်တိုအတွင်း ကုလို့ရတဲ့ ရောဂါမျိုး မဟုတ်ဘူး ။ ဒါအားလုံးက အစိုးရက တစ်ခုတည်းက လုပ်လို့ရတဲ့ကိစ္စမျိုးလည်း မဟုတ်ဘူး ။ အစိုးရ ၊ ပြည်သူ၊ အရပ်ဘက်အဖွဲ့အစည်း တွေကော ၊ မီဒီယာ အားလုံး ပေါင်းပြီးလုပ်မှာ အောင်မြင်မယ် လုပ်ငန်းပေါ့ ။ အဲ့တော့ အရေးကြီးတာက ဒီစီးပွားရေးလုပ်ငန်းတွေက သူတို့ရဲ့ Code of Ethics ၊ ကျင့်ဝတ်တွေ လိုက်နာဖို့ လို့တယ်။ ဌာနဆိုင်ရာ အစိုးရ ဘက်က ဌာနတွေကလည်း ကျင့်ဝတ်တွေ လိုတယ်။ မီဒီယာတွေကလည်း အမြဲ ထောက်ပြ ဖို့လိုတယ်။ အဲ့လို့ပေါင်းပြီး အချိန်တူလုပ်မှာ အောင်မြင်မှု ရမယ်။ အချိန်တိုမှာလည်း သိသာထင်ရှားတဲ့ ရလဒ် တွေ တစ်နှစ်အတွင်း တော့ မဖြစ်နိုင်ဘူး ။ အချိန်ယူရမယ် သို့သော် မလုပ်လို့လည်း မဖြစ်ဘူး ။ လုပ်ကို လုပ်သွားရမယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ ( Transparency Internatiponal TI ) က သတ်မှတ်တဲ့ အဂတိလိုက်စားမှု အညွန်းကိန်း ( Corruption Perception Index CPI ) အရ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၀ အဖြစ် တည်ရှိနေပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts