Local News Web TV

ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား စီမံကိန်းတွင် နေအိမ်များဖျက်ဆီးခံခဲ့ရသည့် ဒေသခံများက တာဝန်ရှိသူများကို ပြန်လည်တရားစွဲဆိုသွားမည်ဟုဆို

[youtube]https://www.youtube.com/watch?v=Kr_zDdoMy4o&feature=youtu.be[/youtube]

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ မြဝတီမြို ၊ ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား စီမံကိန်း (မြန်မာဘက်ခြမ်း) ဖောက်လုပ်ရာတွင် မူလလမ်းကြောင်းပေါ်မပါသော ဒေသခံများ၏နေအိမ်များကို မြဝတီမြို့ အာဏာပိုင်အဖွဲ့အစည်းများနှင့် လမ်းတံတားအထူးအဖွဲ့က အင်အားသုံး အကြမ်းဖက် ဖြိုခွင်းဖျက်ဆီးခဲ့ခြင်းကြောင့် ၎င်းတို့၏ အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၄ ရက်နေ့က မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် နေအိမ်များ အကြမ်းဖက်ဖြိုခွင်းဖျက်ဆီးခြင်းခံရသည့် ဒေသခံများက လျော်ကြေးမပေးဘဲ ရွှေ့ပြောင်းစရိတ်သာရရှိခြင်း၊ ဖိအားအမျိုးမျိုးပေးပြီး အင်အားသုံးဖျက်ဆီးခြင်းများကြောင့် တာဝန်ရှိသူများအား အဆင့်ဆင့်ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

ဒေသခံများ၏နေအိမ်များကို ၂၀၁၈ ခနှစ်၊ ဒီဇင်ဘာ ၂ ရက် ၊ နံနက် ၅ နာရီက ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများက အင်အားသုံး ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ရိုက်ကူး-နန့်အိသူ/ရန်ကုန်ခေတ်သစ်

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts