All News Local News

ကိုရီးယားချေးငွေ ဒေါ်လာ ၉၃ သန်းကျော်ဖြင့် သတင်းအချက်အလက် ဗဟိုဌာနကြီး နေပြည်တော်တွင် ၃ နှစ်အတွင်း တည်ဆောက်မည်

နန့်အိသူ/ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် သတင်းအချက်အလက်ဗဟိုဌာနကြီးတစ်ခုကို ကိုရီးယားနိုင်ငံ၏ ချေးငွေ ဒေါ်လာ ၉ ၃ ဒသမ ၇၇၉ သန်းဖြင့် နေပြည်တော်တွင် လာမည့် ၃ နှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဦးသန့်စင်မောင်က ဒီဇင်ဘာလ ၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသည်။

နိုင်ငံတော်သမ္မတက အဆိုပါ သတင်းအချက်အလက် ဗဟိုဌာန တည်ဆောက်ရန် နိုင်ငံတော်သမ္မတက လွှတ်တော်သို့ တင်ပြခဲ့ပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အဆိုပြုခဲ့သည်။

နေပြည်တော်တွင် တည်ဆောက်မည့် သတင်းအချက်အလက်ဗဟိုဌာနကြီး၏ Data Recover Center ကိုပါ သန်လျင်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“Myanmar E Government Master Plan ကိုရေးဆွဲထားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် Cloud ကို တည်ဆောက်သွားမှာ ဖြစ်ပြီးတော့ သူများနိုင်ငံမှာ သွားပြီးတော့မထားဘဲ ကိုယ်နိုင်ငံမှာ ထားတာကြောင့် လုံခြုံမှုကို အကာအကွယ်ပေးလာနိုင်မယ်။ ကိုယ့်ရဲ့ လုံခြုံရေးကို ပိုမိုကောင်းမွန်စေမယ့်အပြင် ၊ ပြည်ပနိုင်ငံမှာပေးချေနေရတဲ့ ငွေကုန်ကြေးကျ စရိတ်တွေ လျော့ချသွားနိုင်မည် ဖြစ်တာကြောင့် နိုင်ငံတော်အတွက် ကုန်ကျစရိတ်သက်သာစေမှာ ဖြစ်ပါတယ်။ ဒီ eGIDC တည်ဆောက်ခြင်းဟာ ကနေဦးရင်းနှီးမြှုပ်နှံဖို့ ထိန်းသိမ်းစောင့်ရှောက်မယ့် စရိတ် များ Maintained Cost တွေ ကုန်ကျမယ်ဆိုပေမယ့် နိုင်ငံတော်ရဲ့ အရေးကြီးသော သတင်းအချက်အလက်များ လုံခြုံနေမှုမှာကျိုးပေါက်ခြင်းမှာ အကာအကွယ် နိုင်မည်ဖြစ်တာကြောင့် နိုင်ငံတော်အတွက် များစွာ ရှိစေမဲ့ စီမံကိန်း ဖြစ်ပါတယ်။ eGIDC တည်ဆောက်ပြီးစီးချိန်မှာ နိုင်ငံသားများဟာ ပိုမိုကောင်းမွန်တဲ့ E Government ရဲ့အသီးအပွင့်တွေ ကိုခံစားသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီ eGIDC ကနေ online payment ၊ Taxation ၊ Email ၊ EIT၊ E visas service ၊ online one new စတဲ့ e government service တွေကို လု့ုံခြုံစွာနဲ့ ၂၄ နာရီ ၊ ၇ ရက်ပတ်လုံး ဝန်ဆောင်မှုပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အခုကော မလုပ်ဘူးလား ပြောရင် online shipping ၊ E Visas ၊ one stop service တို့ လုပ်နေပါတယ်။ သို့ သော်လည်း တစ်ကယ်သတင်းအချက်အလက်တွေ အများကြီး များပြားလာတဲ့အခါမှာ သတင်းအချက်အလက်တွေ ပိုပြီး လုံခြုံ စိတ်ချလာအောင် eDIGC ကဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးသန့်စင်မောင်က ဆိုသည်။

လွှတ်တော်က ကိုရီးယားချေးငွေဖြင့် သတင်းအချက်အလက် ဗဟိုဌာနကြီး တည်ဆောက်ခြင်းကို တစ်ခဲနက် အတည်ပြု ထောက်ခံခဲ့သော်လည်း ကန့်ကွက်မဲ ၉ မဲ ရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်”ဒီနေ့ ကွန်ပျူတာခေတ်တွေကျမှတော့ မြန်နှုန်းတွေက တိုးတက်လာနေတာဖြစ်ပါတယ်။ အဲဒီလို မြင်နှုန်းတိုးတက်နေတဲ့ခေတ်မှာ ကျနော်တို့ က အခုမှဆာဗာတွေ ဝယ်ပြီး တည်ဆောက်နေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဟာကြီးကို တည်ဆောက်ပြီး အမေရိကန် ဒေါ်လာ ၉၃ ဒသမ ၇၇၉ ရင်းနှီးမြှုပ်နှံထားတဲ့ ဆာဗာကြီး ဟာ ကျနော်တို့ ဘယ်အချိန်မှာ သုံးရမလဲ ။ အဲဒီတော့ နည်းပညာတွေ အလျှင်အမြန်တိုးတက်နေတဲ့ ခေတ်မှ ကျနော်တို့ က ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ပါသလဲဆိုတာကလည်း တစ်ဖက်က မေးမြန်းစရာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

သတင်းအချက်အလက်ဗဟိုဌာနကြီး တည်ဆောက်ခြင်းကို လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts