All News Web TV

NLD အစိုးရလက်ထက်မှာ CSO လုပ်ရကိုင်ရ ကျပ်တည်းလာနေ

[youtube]https://www.youtube.com/watch?v=uMoFn2r1QH8&feature=youtu.be[/youtube]

နန့်အိသူ/ ရန်ကုန်ခေတ်သစ်

အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ အရပ်ဘက်အဖွဲ့အစည်း(CSO) တွေ လုပ်ရကိုင်ရ ကျပ်တည်းလာနေတယ်လို့ ပထမအကြိမ် မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ရေရှည်တည်တံ့ခိုင်မြဲမှု အညွှန်း အစီရင်ခံစာက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်နေ့က ၊ ရန်ကုန်မြို့ ၊ Best western Green Hill Hotel မှာ ပြုလုပ်ခဲ့တဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရေရှည်တည်တံ့ခိုင်မြဲမှု အညွှန်း အစီရင်ခံစာထုတ်ပြန်ပွဲမှာ အဲဒီလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာကို တိုင်းတာမှု ရှုထောင့် ၇ ခုဖြင့် သုံးသပ်တင်ပြထားတဲ့ အဆိုပါ CSO – SI မှာ မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ယေဘုယျအခြေအနေတွေကို ခြံငုံသုံးသပ်ထားတာပါ။

၂၀၁၇ ခုနှစ်တွင် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များအပေါ် အကျဉ်းချုပ် ခွဲခြားသုံးသပ်မှု လုပ်ဆောင်ကာ အရပ်ဖက်အဖွဲ့အစည်းများအပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့ကြောင်း လေ့လာမှုလုပ်ဆောင်ထားသည့် အညွှန်းကိန်း ဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေကို ခန်းမတွေ ၊ ဟိုတယ်တွေမှ တောင်လုပ်ဆောင်နေတာတွေဟာ ပြန်ပြီးမှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ထပ်ပြီး ခွင့်ပြုချက်ရယူဖို့ အကန့်အသတ်တွေရှိနေတာကြောင့် Civil Society တွေရဲ့ လုပ်နိုင်မှုတွေဟာ အတိုင်းအတာတစ်ခုအထိ ငုံလျှိုးလျက်ရှိနေကြောင်း အစီရင်ခံစာစောင်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၁၄ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေ ဟာ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းတွေကို စည်းမျဉ်းဖော်ဆောင်နေတဲ့ အဓိက ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ နောက်ပိုင်းမှတော့ By Law ထွက်ရှိလာပြီးနောက် ဒေသန္တရညွှန်ကြားချက်တွေမှတဆင့် CSO တွေရဲ့ လှုပ်ရှားမှုတွေ ခက်ခဲလာပြီး လှုပ်ရှားဆောင်ရွက်မှုတွေကို ရပ်တန့်စေတယ်လို့ Smile Education & Development Foundation က ဦးမျိုးဝင်းက ပြောဆိုလိုက်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts