All News Crime Local News

အလုံအနုကြမ်းစီးမှုမှ ကျူးလွန်သူ ၅ ဦး ဖမ်းမိထား၊ တရားခံများ ဆက်လက် ဖမ်းနိုင်ရေး ဆောင်ရွက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့ ၊ အလုံမြို့နယ်၊ စောရန်ပိုင် အရှေ့ရပ်ကွက်၊ ခြံအမှတ် ၅၁ (ခ) တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သော အနုကြမ်းစီးမှုတွင် တရားခံ ၅ ဦး ဖမ်းဆီးမိထားပြီဖြစ်ကြောင်း အနောက်ပိုင်းခရိုင်မှူး ဒုရဲမှူးကြီးသိန်းလွင်က ပြောသည်။

ယမန်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က လိုက်ထရပ်ကားဖြင့် အဆိုပါ ခြံသို့ လူ ၁၀ ဦး ဝင်ရောက်ခဲ့ပြီး ဦးဖိလစ်ကို လင့်ခရူဆာကားဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲထံသို့ တိုင်ကြားမှု ရရှိပြီးနောက် အပူတပြင်းရှာဖွေခဲ့ရာ ဦးဖိလစ်ကို လင့်ခရူဆာကားဖြင့် ပြန်လည် တွေ့ရှိခဲ့ပြီး တရားခံ ၂ ဦး ကို ဖမ်းမိခဲ့ကြောင်း၊ အဆိုပါ တရားခံ၂ ဦး ကို စစ်ဆေးချက်အရ တရားခံ ၂ ဦးကို စစ်ဆေးချက်အရ ထပ်မံ၍ တရားခံ ၃ ဦး စုစုပေါင်း ၅ ဦး ဖမ်းမိထားပြီး တရားခံများ ဆက်လက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုရဲမှူးကြီးသိန်းလွင်၏ အဆိုအရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com