All News Local News

ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် တရားရုံး၏ မှားယွင်းသော စီရင်ချက်များကို ထောက်ပြရန် အယူခံတင်

ရန်ကုန်၊ နိုဝင်ဘာ ၅

ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်သွင်းအကျဉ်းချထားမှုနှင့်ပတ်သက်၍ အယူခံတင်ပြမှုကို ရှေ့နေများက ယနေ့စတင်ဆောင်ရွက်ပြီး တရားရုံး၏ မှားယွင်းသော သုံးသပ်စီရင်ချက်များကို ထောက်ပြရန် အယူခံတင်ခြင်းဖြစ်သည်ဟု ရိုက်တာသတင်းထောက် ၂ ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်က ပြောသည်။

“ကျနော်တို့ အယူခံတင်တယ်။ အယူခံက ပြီးခဲ့တဲ့ အပတ်ကတည်းက တင်တာ သို့ပေမယ့် အင်းစိန်ထောင်က ထုတ်ပေးလိုက်တဲ့ ထောင်ပါဝါမှာ စာရွက်စာတမ်းတွေ တံဆိပ်တုံးတွေ မပြည့်မစုံဖြစ်တာကြောင့် ပြန်လုပ်ရတယ်။ပြန်လုပ်ရတော့ ဒီနေ့မှ တင်ဖြစ်တယ်။ မနက်ပိုင်းက တင်ခဲ့တယ်။ နေ့လယ်လောက်မှာ အမှုနံပါတ်တွေဘာတွေသိရမယ်ပေါ့။ သိပြီးရင် ရုံးက အမှုခေါ်စာရင်းတွေလာရင် လေ ျှာက်လှဲချက်ပေးမယ်။ နောက်တစ်ခါ အမိန့်ချမယ့်အဆင့်တွေ လာမှာပေါ့။ ပုံမှန်ဆိုရင် ၂ လလောက်ပါပဲ။ အယူခံတင်တဲ့ အကြောင်းပြချက်တွေ ထိုင်ပြောမယ်ဆိုရင် အမှုတွဲတစ်တွဲလုံးထိုင်ပြောမှ ရမယ်။အောက်ရုံးက ချလိုက်တဲ့ အမိန့်မှာ မှားယွင်းတဲ့သုံးသပ်ချက်တွေရှိတယ်။ အဲဒီသုံးသပ်ချက်တွေ ဥပဒေနဲ့ မညီတဲ့ သုံးသပ်ချက်တွေ။ အဲဒီဟာတွေကို ကျနော်တို့က ထောက်ပြပြီးတော့ အယူခံတင်တာပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်တောင်းရင် ဒီလို အယူခံတင်လို့ ကြာနိုင်တယ်ဆိုတာ မဆိုင်ဘူး။ ပေးချင်ရင် ပေးလို့ရတယ်။ တရားရုံးက စီရင်ဆုံးဖြတ်ပြီးသား။ အယူခံနဲ့မဆိုင်ဘူး။ လွတ်ငြိမ်းသာခွင့်က အယူခံတင်လို့ နှောင့်နှေးတာ လေ ျှာက်ပြောတာ” ဟု ဦးသန်းဇော်အောင်ကေ ပြာသည်။

ရိုက်တာသတင်းထောက် ၂ ဦးသည် အင်းဒင်ကျေးရွာတွင်ဖြစ်ပွားခဲ့သော မွတ်စလင် ၁၀ ဦး ဥပဒေမဲ့ အကြမ်းဖက် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့ကာ သူတို့ ၂ ဦးကို ရဲတပ်ဖွ့ဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းထောက် ၂ ဦးနှင့် တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားရုံးတွင် ထွက်ဆိုခဲ့ကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts