All News Local News

ရိုက်တာသတင်းထောက်နှစ်ဦးအမှု အယူခံဝင်စွက်ခွင့်မရှိ၍ အယူခံပြီးမှ ထိုက်သင့်တာ ဆောင်ရွက်ပေးမည်ဟု သမ္မတဦးဝင်းမြင့်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

နိုင်ငံတော်လျို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံနေရတဲ့ ရိုက်တာသတင်းေ်ထာက် နှစ်ဦးအမှုနဲ့ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်က အယူခံဝင်နေစဉ်ကာလမှာ ဝင်စွက်ခွင့်မရှိဘဲ အယူခံပြီးမှ ထိုက်သင့်တာဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ကတိသစ္စာပြုအပြီး လက်ဖက်ရည်ဝိုင်းမှာ သမ္မတဦးဝင်းမြင့်က အဲဒီလို ပြောဆိုခဲ့တာလို့ သမ္မတဦးဝင်းမြင့်နဲ့ တစ်ဝိုင်းတည်း လက်ဖက်ရည်သောက်ခွင့်ရရှိခဲ့တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ၂ ဦးကျော်နိုင်(စာရေးဆရာထက်မြက်)က ပြောပါတယ်။

“အယူခံပြီးရင်တော့ ထိုက်သင့်တာဆောင်ရွက်ပေးမယ်။ အယူခံဝင်နေရင်တော့ ဝင်စွက်ခွင့်မရှိဘူးလို့သမ္မတက ပြောတယ်” လို့ ဦးကျော်နိုင်(စာရေးဆရာ ထက်မြက်) က ဆိုသည်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ မိသားစုတွေအတွက် ငဲ့ညှာစဉ်းစားပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တင်ပြချက်ကိုလည်း သမ္မတက ဥပဒေအရ ပြန်လည်ကြည့်ရှုပေးမယ်လို့ နှုတ်အားဖြင့် တုံ့ပြန်ပြောဆိုပြီးလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts