All News Local News

ရန်ကုန်တိုင်းအစိုးရနှင့် Eleven အမှု ကျင့်ဝတ်အပေါ် အခြေခံ ဖြေရှင်းမည်ဟု MPC ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရန်ကုန်တိုင်းအစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် Eleven သတင်းသမား ၃ ဦးကို ဖမ်းဆီး အရေးယူ တရားစွဲဆိုမှု ရုပ်သိမ်းပြီးနောက် ယင်းအမှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ကို တိုင်ကြားထားခဲ့ရာ ယင်းတိုင်ကြားမှု အတွက် MPC က Eleven မှ တာဝန်ရှိသူများကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဆင့်ခေါ် ကြားနာမှု ပြုလုပ်ခဲ့သည်။

MPC အနေဖြင့် ရန်ကုန်တိုင်းအစိုးရနှင့် Eleven အမှုအပေါ် ကိုင်တွယ်ရာတွင် ကျင့်ဝတ် အပေါ် အခြေခံဖြေရှင်းမည်ဟု ဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ၁ ဒေါက်တာ မျိုးသန့်တင်တို့က ပြောကြားသည်။ ၎င်းတို့၏ အမြင်များကို ဖော်ပြ လိုက်ပါသည်။

ဟံသာဝတီ ဦးအုန်းကြိုင်
ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

“တို့ကောင်စီအနေနဲ့က သတင်းသမားဘက်ကရပ်တည်တယ် သို့သော် တရားရမယ် မှန်ကန်ရမယ် ၊ သတင်းသမားကိုမတရားလုပ်တာလဲ အဘတို့လက်မခံနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ ဥပဒေထဲကိုကြည့်လိုက် ethic ရှိတယ် ၊ ကျင့်ဝတ်တွေရှိတယ် ဒီကျင့်ဝတ်တွေနဲ့ အညီသွားတာ ၊ ဘုန်းကြီးတွေ ရဟန်းသံဃာတွေ စည်းစောင့်သလိုပဲ သတင်းသမားစည်းစောင့်တာတွေအများကြီးပဲ ၊ အဲ့တော့ ဒီစည်းကမ်း တွေအတိုင်း သွားမယ်ဆိုရင် တို့ဖြေရှင်းလို့ရတယ် ၊ ဘာမှ ထောင်ထဲ ရောက်စရာမရှိဘူး ၊ ဘာမှလည်း အပြစ်ဒဏ်ပေးစရာမရှိဘူး ၊ တို့ဘက်ကလည်း မလွန်ကျုးနဲ့ နိုင်ငံတော်ဘက်ကလည်း မလွန်ကျူးနဲ့ နှစ်ဖက်ပြေလည်ရာ ပြေလည်ကြောင်း စေ့စပ်ပေးဖို့ တို့ရဲ့မီဒီယာ ဥပဒေမှာ ပြဌန်းထားတာပါတယ် ၊အဲဒီဘောင်ထဲက နေသွားတယ်”။

ဒေါက်တာမျိုးသန့်တင်
ဒုတိယဥက္ကဋ္ဌ ၁ ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

“Complaint ကိစ္စတွေမှာ တိုင်ကြားတဲ့သူနဲ့အတိုင်ခံရတဲ့သူနဲ့ ဒီနှစ်ခုကြားထဲမှာ ဥပဒေ အရ တော့ ပြေလည်အောင်ဆောင်ရွက်ပေးပါလို့ တာဝန်ပေးထားတယ် ၊ ဆရာတို့က ဘာပေါ်မှာ အခြေခံလဲဆိုတော့ လက်ရှိဥပဒေရယ် နည်းဥပဒေရယ် ကျင့်ဝတ်ရယ် အဲဒီပေါ်မှာ တကယ်ကိုခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ဒီဘက်က မီဒီယာသမားက ဒီကျင့်ဝတ်ပေါ်မှာ လိုက်နာပြီးတော့ ကျင့်ဝတ် အတိုင်းလုပ်ရင် ဒီမီဒီယာကို တို့က ထောက်ခံ ပေးမယ် ကာကွယ်ပေးမယ် ၊ ဒီဘက်ကနေပြီးတော့ရေးလို့ သူ့မှာ ဂုဏ်သိက္ခာ ပိုင်း ထိခိုက် တယ်ဆို သူ့ကိုစာနာစိတ်နဲ့ကြည့်မယ် ၊ ကြည့်ပြီးတော့ ဒီဘက်က မီဒီယာသမား တွေက သူ့ကျင့်ဝတ်အရရေးတယ်ဆိုလို့ရှိရင် ဒီဘက်ကသူကိုလည်း ပြေလည် ရာပြေလည်ကြောင်းကျေနပ်အောင်ပြောပြမယ်၊ ဒါပေမယ့် တို့ရဲ့ ဥပဒေနဲ့ ကျင့်ဝတ် ကိုတော့ ဘယ်ဘက်ကိုမှ အထိမခံဘူး ဒါကအရေးအကြီးဆုံးပဲ ၊ ဒီကိစ္စမှာလည်း အခု အဲဒီလိုလုပ်တာပဲ”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com