Local News political news

ရသေ့တောင် မဲဆန္ဒနယ်တွင် NLD ၊ ANP နှင့် ALD တိုု့ရှုံးနိမ့်၊ ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်း အနိုင်ရ

 

ရန်ကုုန်၊ နိုုဝင်ဘာ ၃

ရခိုုင်ပြည်နယ်လွှတ်တော်အတွက်၊ ရသေ့တောင်မဲဆန္ဒနယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၊ ရခိုင်အမျိုးသားပါတီ(ANP) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) တို့ ရှုံးနိမ့်ပြီး ဒေါက်တာအေးမောင်၏ သား တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်း အနိုင်ရရှိကြောင်း ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ရသေ့တောင်မှာ ပါတီ ၃ ခုလုံး ရှုံးပါတယ်။ ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်း နိုင်သွားတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

ရသေ့တောင်မဲဆန္ဒနယ်တွင် ဦးတင်မောင်ဝင်းက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားခြင်းဖြစ်ပြီး ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) ပါတီမှ ဦးလှမြင့် ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီမှ ဦးသိန်းမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဦးခင်သန်းမောင် ၊ တသီး ပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင်၏ သား ဦးတင်မောင်ဝင်း တို့ကဝင်ရောက်အရွေးချယ်ခံခဲ့ကြခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts