ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေအပေါ် ဟန့်တားဖို့ ပျက်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို AI က ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆု ရုပ်သိမ်း

ရန်ကုန်၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့ ကန့်ကွက်ပြောဆိုဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဆိုပြီး နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး(AI)က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း AI အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
၂၀၀၉ ခုနှစ်မှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာစံပြုထိုက်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးအဖြစ် AI အဖွဲ့က International Ambassador of Conscience Award ဂုဏ်ထူးဆောင်သံတမန်ဆုကို ချီးမြှင့်ခဲ့တာလည်းဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ချီးမြှင့်ထားတဲ့ ဆုတွေ ရုပ်သိမ်းခံနေရာတာနဲ့ပတ်သက်လို့ ဆုတွေရပြီး ပြန်ရုပ်သိမ်းတာဟာ သင်္ခါရတရားပါပဲလို့ မကြာသေးမီက NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ နိုင်ငံတကာဆုတွေ အနက် ပြန်လည်ရုပ်သိမ်းတဲ့ ဆု ၉ ဆုနီးပါးရှိလာပြီဖြစ်ပါတယ်။
ဓာတ်ပုံ- ၂၀၀၉ ခုနှစ် AI အဖွဲ့က ချီးမြှင့်တဲ့ ဆုလက်ခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။(Photo Credit- Reuters)
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ