All News China Watch Local News

မြန်မာ့ငြိမ်းချမ်းရေး ကိစ္စ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၈

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Song Tao သည် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုဝင်ဘာလ ၇ ရက်နေ့က နေပြည်တော်တွင်တွေ့ဆုံပြီး မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်လျက်ရှိသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်နေရုံသာမက ပြည်သူများ အချင်းချင်း ဆက်ဆံရေးကောင်းမွန်ရန် လိုအပ် ကြောင်း၊ ထို့ပြင် တိုင်းရင်းသားများအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိရန်နှင့် တိုင်းရင်းသား ဒေသများဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံပွဲတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးအကြီးအကဲ Mr. Song Tao ကိုပြောဆိုကြောင်း သိရှိရသည်။

Mr.Somg Tao သည် နိုဝင်ဘာလ ၆ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာ့ငြိမ်းချမ်းရေးသည် တစ်ဆို့နေပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့က ငြိမ်းချမ်းရေးဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်မှုများလုပ်ဆောင်နေကြောင်း ကြေညာချက် အသီးသီးထုတ်ပြန်ထားကြသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com