All News Local News

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ် နိုဝင်ဘာ ၂၃ ရက်နေ့ သမ္မတရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုမည်၊ Eleven နှင့်ရန်ကုန်တိုင်းအစိုးရ အမှု ပထမဆုံး ကိုင်တွယ်မည်

ကံဇော်/ ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ်ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အောက်တိုဘာ ၃၀ ရက်နေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင် ၂၉ ဦးပါ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သမ္မတထံတွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ်သည် Eleven နှင့် ရန်ကုန်တိုင်းအစိုးရအကြားဖြစ်ပွားနေသော အမှုကိစ္စကို ပထမဆုံးစတင် ကိုင်တွယ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့တာဝန်လွှဲပြောင်းပေးအပ်ပွဲလုပ်တယ်။ ဒီပွဲမှာပဲ နိုဝင်ဘာ ၂၃ ရက်နေ့ သမ္မတဆီမှာ ကျမ်း သစ္စာ ကျိန်ဆိုမယ်ဆိုတာကို ဥက္ကဋ္ဌက ပြောတယ်။ ကောင်စီအသစ်အနေနဲ့ ပထမဆုံး စကိုင်တွယ်မှာကတော့ Eleven အမှုလို့ ဥက္ကဋ္ဌက ပြောတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ၂ ဦးလှိုင်းသစ်ဇင်ဝေက ပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ်တွင် ဥက္ကဋ္ဌ အဖြစ် ဟံသာဝတီဦးအုန်းကြိုင်က အရွေးချယ်ခံထားရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com