All News Local News

မန္တလေးတိုင်းဝန်ကြီးချုပ်၏ မိသားစု ကုမ္ပဏီများ တင်ဒါအများစုအောင်မြင်၍ လုပ်ငန်းရှင်များမေးခွန်းထုတ် ဟု DNM သတင်းဖော်ပြမှု MPC ထံတိုင်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၀

“မန္တလေးတိုင်းဝန်ကြီးချုပ်၏ မိသားစုကုမ္ပဏီများ တင်ဒါအများစုအောင်မြင်၍ လုပ်ငန်းရှင်များ မေးခွန်းထုတ်” ဟု Daily News Myanmar အမည်ဖြင့် Facebook လူမှုကွန်ရက်စာမျက်နှာတွင် သတင်းဖော်ပြမှုကို အရေးယူပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)ထံသို့ တိုင်ကြားကြောင်း MPC က သတင်းထုတ်ပြန်သည်။

Daily News Myanmar အမည်ရှိ လူမှုကွန်ရက်စာမျက်နှာတွင် အဆိုပါ သတင်းကို ရေးသားဖော်ပြခြင်းဖြစ်ပြီး ယင်းသတင်းအတွက် အရေးယူပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရက MPC ကို တိုင်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

MPC က အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်လက် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး သတင်းဖော်ပြထားသည့် DNM သည် Like လုပ်ထားသူ ၅၁၁ ဦးရှိကာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှစတင်၍ သတင်းများ တင်ထားသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် အဆိုပါ DNM (Daily News Myanmar) Page သည် တရားဝင် Page (ဟုတ်/ မဟုတ်) ကို စင်ကာပူနိုင်ငံရှိ Facebook Team ထံသို့ မေးမြန်းထားကြောင်း၊ ယင်းဖော်ထုတ်ရရှိသော အချက်အလက်များပေါ်တွင် မူတည်၍ တိုင်ကြားခံရသည့် DNM (Daily News Myanmar) Page အား မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအနေဖြင့် သတင်းမီဒီယာ ဥပဒေပါ အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts