All News Business interview

“တော်တော်များများက ဆွမ်းကြီးလောင်းဖို့ စဉ်းစားနေကြတာ။ နိုင်ငံခြားဘဏ်တွေက လှူဖို့ တန်းဖို့ လာတာမဟုတ်ဘူး”

UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းတွင် နိုင်ငံခြားဘဏ်များ ငွေချေးခွင့်အပါအဝင် ဘဏ်လုပ်ငန်းများ လုပ်ခွင့်ပြုကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ရာ ဖြစ်ပေါ်လာနိုင်သော သက်ရောက်မှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ ငွေချေးခွင့် အပါအဝင် ဘဏ်လုပ်ငန်းတွေ လုပ်ခွင့်ပေးလိုက်တဲ့အပေါ် သုံးသပ်ချက် သိချင်ပါတယ်။

ဖြေ။ ။ အကြမ်းဖျဉ်း သုံးသပ်တာက နံပါတ်တစ်အချက်တော့ ကြိုဆိုတယ်။ နှစ်အချက်က လုပ်ငန်းတွေက ပုံစံကျရတော့မယ်။ ပုံစံမကျရင် Financial Statement တွေဘာတွေ ပုံစံမကျရင် ငွေမချေးဘူး။ သူတို့က အလှူဒါန လာပြုတာမဟုတ်ဘူး။ ကိုယ့်ရဲ့ Performance ကို ကြည့်တော့မယ်။ ကြည့်ပြီးတော့ ဒီကုမ္ဗဏီက လိမ်တာ၊ ညာတာမဟုတ်ဘူး။ မှန်မှန်ကန်ကန်လုပ်တယ်။ မှန်မှန်ကန်ကန်အခွန်ပေးတယ်။ မြတ်တယ်ဆိုမှ သူချေးမှာပေါ့။ နိုင်တဲ့မြင်းမှ လောင်းမှာပေါ့။ ဒါတွေဖြစ်တော့ ကိုယ့်ဘက်ကလည်း ကိုယ်လုပ်ထားရမယ်။ အကုန်လုံးက ရပြီဆိုပြီး ဆွမ်းကြီးလောင်းမယ့် ပုံစံဖြစ်နေတယ်။ ဘယ်ဟုတ်မလဲ။ ဟိုလူတွေလည်း ကိုယ့်ထက်တောင် ဖျံကျသေးတယ်။ တစ်ကမ္ဘာလုံးပတ်ပြီးဒါ လုပ်စားနေတာ။ မချောင်ပါဘူး။ သို့သော် ကျနော်တို့က ပုံစံကျသွားမယ်။ ဒီသူတို့လိုချင်တဲ့ Statement တွေ ပေးရမယ်။ ပေးမှ ချေးမယ်။ ချေးတာတော့ ဗဟိုဘဏ်က ဘယ်လိုသတ်မှတ်မလဲ။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ကိုင်ခွင့်ပေးမလား။

ပေးရင်တော့ အတိုးနှုန်းသက်သာမှာပေါ့။ မြန်မာအတိုးနှုန်းက ကမ္ဘာမှာ ရှာမှ ရှားတယ်လေ။ သူတို့လည်း သူတို့ဘက်က Risk ကို စီမံခန့်ခွဲထားမှာပဲ။ သူတို့မရှုံးအောင် လုပ်မှာပေါ့။ သူတို့က ကိုယ့်ထက်အများကြီးသာပါတယ်။ တော်တော်များများက ဆွမ်းကြီးလောင်းဖို့ စဉ်းစားနေကြတာ။ နိုင်ငံခြားဘဏ်တွေက လှူဖို့ တန်းဖို့ လာတာမဟုတ်ဘူး။ နိုင်ငံခြားက Interest Rate က အရမ်းကျတယ်။ ကိုယ်က ပိုက်ဆံသွားထည့်ရင်တောင် ဂျပန်လို နိုင်ငံမျိုးဆိုရင် Negative Interest Rate ။ ကိုယ်ကတောင် ပိုက်ဆံပေးရသေးတယ်။ အတိုးနှုန်းသဘောမျိုး ထားခပေးရတယ်။ အဲဒီတော့ အတိုးနှုန်းက နည်းနည်းလေးနဲ့ ချေးတာတွေ ဘာတွေလုပ်မှာပေါ့ ။ အဲဒီလို နိုင်ငံခြားဘဏ်တွေဝင်လာတော့ Capital တော့ ဝင်လာမှာပေါ့။ ဒီက ဘဏ်တွေက ပိုက်ဆံမှ မရှိပဲ။ နောက်ပြီး NPR ငွေပြန်မဆပ်နိုင်ကြတဲ့သူတော်တော်များတယ်။ တော်တော်ကွဲတယ်။ ဒါကြောင့်မို့လို့ ကြံ့ကြံ့ခံပြီးပြန်တောင့်ပြီးတော့ လုပ်ငန်းတွေနဲ့ ပြန်ညှိရတာပေါ့။ ဘယ်နှစ်အတွင်း ပြန်ပေးမလဲ။ အတိုးနှုန်းလည်း နည်းနည်းလေ ျှာ့ပေးပြီးတော့ သူတို့ အရင်လေးဘာလေး ပြန်ရအောင် လုပ်ရတာပေါ့။

မေး။ ။ ပြည်တွင်းဘဏ်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ။

ဖြေ။ ။ ပြည်တွင်းဘဏ်တွေကတော့ အရင်တုန်းက တားတာပေါ့။ မလာစေချင်ဘူး။ အစိုးရက Second Step အနေနဲ့ တရုတ်ပြည်မှာ လုပ်သလို ဖက်စပ်တွေလုပ်ခိုင်းတယ်။ ဟိုနိုင်ငံက ဘဏ်တွေက မလုပ်ဘူး။ တချို့လုပ်ကြတယ် ဖက်စပ်သဘောမျိုး။ သူတို့ရဲ့ ငွေလုံးငွေရင်းကို ဒီဘဏ်ကို ထည့်ပြီးတော့ ချေးစားလို့ရအောင်လုပ်တာတော့ ရှိပါတယ်။ JICA တို့ဘာတို့ကတော့ေ ဈးနှုန်းသက်သက်သာသာနဲ့ ၄ ရာခိုင်နှုန်းလောက်နဲ့ချေးပြီးတော့ အစိုးရက အသေးစား အလတ်စားတွေကို ၆ ရာခိုင်နှုန်းနဲ့ ပြန်ချေးတာတွေ သူတို့သူ လုပ်နေတာတွေ ရှိပါတယ်။ အနည်းအများနဲ့ ပြည်တွင်းဘဏ်တွေကိုတော့ ထိမှာပဲ။ ပြည်တွင်းဘဏ်တွေကလည်း သူ့ ကာစတန်မာနဲ့သူ။ ဒါပေမယ့် ကာစတန်မာ တဖြည်းဖြည်းတော့ ဟိုကသာတယ်ဆိုရင်တော့ အတိုးနှုန်းသက်သာတယ်၊ အပေါင်ပေးရတာသိပ်မရှိဘူးဆိုရင် ဟိုဘက်ကို သွားမှာပေါ့။

သို့သော်လည်း ဟိုဘက်က ပြည်တွင်းဘဏ်တွေလို ရိုက်စားလို့တော့ မရဘူး။ ရိုက်စားတယ်ဆိုတာက ဒီမှာ ငွေချေးတဲ့အခါ သိန်း ၁၀၀၀ တန်အိမ်ကို ၁၅၀၀ လောက်ရေးခိုင်းတာတို့ ဒါမျိုးတွေတော့ လုပ်လို့မရဘူး။ ဟိုကဘဏ်တွေက တိတိကျကျ လုပ်မှာပေါ့။ တိတိကျကျ လုပ်မယ်ဆိုတော့ Customers တွေတော့ လေ ျှာ့ချင် လေ ျှာ့မှာပေါ့။ ဒါပေမယ့် ပြည်တွင်းဘဏ်တွေဘက်ကလည်း ဖြေလေ ျှာ့မှုတွေ လုပ်ပေးနိုင်ရင် ကောင်းလာမယ်။ ဗဟိုဘဏ်ကတော့ အတိုးနှုန်းက ငွေကြေးဖောင်းပွမှုနှုန်းနဲ့ မညီမှာစိုးလို့ အတိုးနှုန်းကိုမချဘူး။ ဒါကြောင့်မို့လို့ ဒါလေးတွေ က ကျနော်တို့ဟာတွေက Micro Enterprise ၊ Nano Enterprise သိပ်သေးတဲ့ ကုမ္ဗဏီတွေ သေးတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့် မယှဉ်နိုင်ဘူး။ ပိုက်ဆံလည်းမရဘူး။ ဒါတွေက လုံးလည်ချာလည်လိုက်နေတာပေါ့။ နိုင်ငံခြားဘဏ်တွေက နောက်ပိုင်း အာမခံတွေ ဘာတွေ လုပ်ခွင့်ရမှာပေါ့။ ညွှန်ကြားချက်တွေ ထပ်ထွက်မှာပေါ့။

မေး။ ။ နိုင်ငံခြားဘဏ်တွေ လုပ်ငန်း အပြည့် လုပ်ခွင့်ရတာ ကောင်းလား ဆိုးလား၊ တိတိကျကျ ပြောလို့ရမလား။

ဖြေ။ ။ ကျနော်တော့ ထင်တယ် ကောင်းကျိုးများလိမ့်မယ်ထင်တယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ အခက်အခဲတွေ၊ Capital တွေ နည်းနေတယ် ဆရာ။ Capital ကို ဝင်နိုင်တာ သူတို့ပဲရှိတယ်။ တချို့ဘဏ်တွေက လုပ်နေတာ လုပ်နေတာတွေရှိပါတယ်။ ဘာပဲပြောပြော ကောင်းပါတယ်။ ပုံစံလည်းကျသွားမယ်။ ပရမ်းပတာလုပ်လို့မရဘူး။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com