All News Local News

တိုင်းရင်းသားပြည်သူတွေကို ကျူးကျော်မြေယာမဲ့ ရာဇဝတ်သားဖြစ်စေမယ့် မြေလွတ်မြေရိုင်းဥပဒေ နဲ့ပတ်သက်လို့ လူမှုအဖွဲ့အစည်းများ၏ သဘောထားများ ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

တိုင်းရင်းသားပြည်သူတွေကို မြေယာမဲ့ ကျူးကျော် ရာဇဝတ်သားတွေအဖြစ် ကျရောက်စေမယ့် မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေဖျက်သိမ်းဖို့ ဒို့မြေကွန်ရက်၊ ဖက်ဒရယ်တောင်သူလယ်သူမားများကွန်ရက်အပါအဝင် လူမှုအဖွဲ့အစည်းတွေက သဘောထားတောင်းဆိုချက်တွေ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အဲဒီသဘောထားတွေကို ထုတ်ပြန်ချက်တွေကို စုစည်းပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

“BEWG Burma Environment Working Group က လုပ်ထားတဲ့ ဖယ်ဒရယ်လမ်းပြ မြေပုံဟာ အောက်ခြေ မတူကွဲပြားတဲ့ အခြေအနေတွေ အားလုံးအံဝင်မဲ့ ” ဘောင် ” ချမှတ်ပေးထားတာ ရှိပြီး ဖြစ်တယ် ။ ဒီ မူဘောင်ကို အသိအမှတ်ပြု အသုံးချဖို့ လုပ်ဆောင်ပါ ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲတွေနဲ့ တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွ မြေယာမူဝါဒရေးဆွဲနေတာရှိတယ် ၊ ဒါတွေကို အသိအမှတ်ပြု တရားဝင်အောင် လုပ်ပေးပါ။

မိရိုးဖလာ မြေယာ ထုံးတမ်းဓလေ့ကောင်းတွေ ကျင့်သုံးနေတာ မှတ်တမ်းတွေ ရှိနေပြီးသားဖြစ်တယ် ။ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားအစုံပါတဲ့ ဓလေ့ထုံးတမ်း စြင်္ကန် တခု တည်ထောင်ပြီး ဖြစ်တယ် ။ ဒီလို ကောင်းနေတဲ့ ဓလေ့ထုံးတမ်းစနစ်တွေကို တနိုင်ငံလုံးဒေသအသီးသီးမှာ ကျယ်ပြန့်အားကောင်းလာအောင် တရားဝင်အောင် လုပ်ပေးပါ ။

ဇီဝမျိုးကွဲ စုံလင်တဲ့ ဂေဟစနစ်ကို ဒေသခံတွေ ကိုယ်တိုင်ထိမ်းသိမ်းစီမံအုပ်ချုပ်တာကို ကရင် ၊ ကချင် ၊တနင်္သာရီမှာ လုပ်နေတာတွေရှိတယ် ။ ဒါတွေကို အသိအမှတ်ပြုပြီး ဥပဒေ နဲ့ အားပေးပါ။

ပုံစံ ၇ ကို ဓလေ့ထုံးတမ်း နဲ့၊ ဖယ်ဒရယ် မူဘောင်များနဲ့ မကိုက်ညီတဲ့ အတွက် တိုင်းရင်းသားများက ဆန့်ကျင်ရပ်တည်ကြတာကို အလေးအနက်ထား အသိအမှတ်ပြုပြီး တိုင်းရင်းသားတွေနဲ့ ကိုက်ညီတဲ့ ဓလေ့ထုံတမ်း မူတွေ ကျင့်သုံးတာကို အသိအမှတ်ပြု အကာအကွယ်ပေးရမယ်။

ဒေသခံတိုင်းရင်းသားတွေလုပ်နေတဲ့ စားနပ်ရိက္ခာဖူလုံရေး အချုပ်အခြာအုပ်စိုးပိုင်ရေးမူနဲ့ လုပ်ဆောင်နေတာတွေကို တရားဝင် အားပေးပါ။

IDP အတွက် အကာအကွယ်ပေးနိုင်မယ့် မူဝါဒတွေ သန္ဓေတည် နိုင်အောင် ကချင်ပြည်နယ်မှာ လုပ်နေတာမျိုးတွေကို အားပေးပါ ၊ တရားဝင် ဥပဒေတွေ ပြဌာန်း မြှင့်တင်ပေးပါ။

မြေလွတ်မြေရိုင်းဥပဒေဟာ ပြင်ရမည့်ဥပဒေမဟုတ်ပါ။ လုံးဝပယ်ဖျက်ရမဲ့ ဥပဒေပါ။

မြေလွတ်မြေလပ်မြေရိုင်း ဥပဒေရဲ့ ဘယ်အချက်တွေကို ပြင်သင့်ပါတယ် ဘယ်လို လုပ်သင့်ပါတယ်ဆိုတဲ့ စဉ်းစားချက်မျိုးဟာနိုင်ငံရေး ပါတီတွေ၂၀၀၈ အောက်က ရွေးကောက်ပွဲကို ဝင်ပြီး ၂၀၀၈ ကို ပြင်မယ်ဆိုတဲ့ အယူအဆမျိုးပါ။

၂၀၀၈ ကိုလက်ခံလိုက်တော့ လက်တွေ့မှာ ၂၀၀၈ ထောင်ချောက်ထဲမှာ နစ်သွားတဲ့ သဘောတရားပါ။

မြေလွတ် မြေလပ် မြေရိုင်း ဆိုတာ မရှိပါ။မြေမှန်သမျှကို ဘိုးဘေးဘီဘင် အဆက်ဆက် ပြည်သူတွေ ပိုင်ပြီးသားပါ။အစိုးရက သူဘယ်တုံးကမှ မပိုင်ခဲ့တဲ့ မြေတွေကို ပိုင်အောင် လုပ်ဖို့ ကြံရွယ်တဲ့ မြေသိမ်းမဲ့ ဥပဒေပါ

မြေလွတ် မြေလပ် မြေရိုင်း မှတ်ပုံတင်လျောက်တာနဲ့ ပိုင်ပြီးသားကို စွန့်လွှတ်လိုက်တဲ့ ထောင်ချောက်ပါ။ အစိုးရလုပ်ပေးရမှာတွေက မြေယာမူဝါဒနဲ့ ပတ်သက်ပြီး ရှိပြီးသား အရွေ့တွေကို လေးစား အသိအမှတ်ပြု ကာကွယ်မြှင့်တင်ပေးပါ။

လက်ရှိ တိုင်းရင်းသားတွေ ကျင့်သုံးနေတဲ့ မိရိုးဖလာ ပိုင်ဆိုင်မှုကျင့်ထုံးကောင်းတွေကို တရားဝင် အသိအမှတ်ပြုပြီး ဥပဒေနဲ့ ကာကွယ်ပေးပါ။”

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com