Local News political news

တာမွေတွင် NLD အနိုင်ရရန် သေချာနေသော်လည်း ၆၀ ရာခိုင်နှုန်း မဲလာမပေး

 

ရန်ကုုန်၊ နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးတွင် လစ်လပ်သော တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် နိုုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ရာ တာမွေတွင် လတ်တလော မဲရေတွက်မှုများအရ NLD ပါတီအနိုုင်ရရှိရန် သေချာနေသော်လည်း ၆၀ ရာခိုုင်နှုန်းမဲလာမပေးဘဲ ၄၀ ရာခိုင်နှုန်းခန့်သာ မဲလာပေးကြောင်း ရန်ကုန်တိုင်း NLD ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဒေါက်တာစိုးဝင်းဦးက ပြောသည်။

“Voter နည်းတယ်။ ကြားဖြတ်ရွေးကောက်ပွဲမိုု့လိုု့ စိတ်မဝင်စားတာဖြစ်ကောင်းဖြစ်နိုုင်သလိုု ရန်ကုုန်မှာ အချို့ အလုုပ်ရှင်တွေက မဲပေးမယ့်သူတွေကိုု စနေဆိုုတော့ လုုံး၀ ခွင့်မပေးဘူး။ အခက်အခဲဖြစ်တယ်လိုု့ မြင်ပါတယ်။ တာမွေမှာ ဦးတိုုးဝင်း(NLD ပါတီ ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ်လောင်း) နဲ့ ဖုန်းလှမ်းဆက်တယ်။ အတိအကျတော့မဟုတ်ပေမယ့် သိထားရသေလာက် ၄၀ ရာခိုင်နှုန်း နီးပါးပဲ မဲပေးတယ်ပြောတယ်။ ၆၀ ရာခိုင်နှုန်း မဲလာမပေး။ တစ်ဖက်ပါတီဆိုရင်လည်း မဲပေးတဲ့သူ အတော်နည်းတယ်။ အင်အားတောင့်ပေမယ့် ” ဟု ဒေါက်တာစိုးဝင်းဦးကပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts