All News Business China Watch

တရုတ်က ၇၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း နိုဝင်ဘာ ၈ လက်မှတ်ထိုးမည်

ရန်ကုန်၊ နိုဝင်ဘာ ၃

တရုတ်နိုင်ငံပိုင် CITIC ကုမ္မဏီအုပ်စုက ၇၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို လာမယ့်နိုဝင်ဘာလ ၈ ရက်နေ့မှာ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးမှာ ဖြစတ်တယ်လို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ သတင်းဌာန ဂလိုဘယ်တိုင်းမ်က သတင်းဖော်ပြလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းအတွက် မြန်မာအစိုးရနဲ့ တရုတ်ပြည်ရဲ့ နိုင်ငံပိုင် CITIC လုပ်ငန်းအုပ်စုတို့ နိုဝင်ဘာလ ၈ ရက်နေ့လက်မှတ်ထိုးမှာဖြစ်ပြီး မူလက တရုတ်ဘက်က ရင်းနှီးမြှုပ်နှံမှုပမာဏ ၈၅ ရာနှုန်း ရင်းနှီးမြှပ်နှံမှုမှာဖြစ်ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ညှိနှိုင်းပြီးတဲ့နောက် တရုတ်ဘက်က ၇၀ ရာနှုန်းကို လေ ျှာ့ချရင်းနှီးမြှုပ်နံှဖို့ သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ပထမအဆင့်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ အကုန်အကျမှာဖြစ်ပါတယ်။ မူလက ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို ဒေါ်လာ ၇ ဘီလျံ တရုတ်ဘက်က ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့ပြီး မူလ တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းပိုင်ဆိုင်မှာပါ။ နောက်ပိုင်း ညှိနှိုင်းမှုတွေ လုပ်ဆောင်ပြီးတဲ့အခါမှာတော့ တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာခိုင်နှုန်း ပြောင်းလဲပြင်ဆင် သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com