China Watch Local News political news

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ရန်ကုန်၊ နိုဝင်ဘာ ၆

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Song Tao သည် နေပြည်တော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E.Mr. Song Tao အား ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏နေအိမ်၌ လက်ခံတွေ့ဆုံပြီးတွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း တို့ တက်ရောက်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးအကြီးအကဲ Mr. Song Tao လာရောက်ချိန်သည် မြန်မာ့ငြိမ်းချမ်းရေး အကျပ်အတည်းကြုံနေရချိန်နှင့်လည်း တိုက်ဆိုင်နေသည့်အပြင် ရခိုင်မှ ထွက်ပြေးသွားသည့် ဒုက္ခသည်များကို ပြန်လည်လက်ခံတော့မည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts