All News Local News

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦး အစားထိုးလဲလှယ်၊ မွန်နှင့်ကချင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၂ ဦး အပြောင်းအလဲလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားလွှတ်တ်တော်ကိုယ်စားလှယ် ၄၆ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီး တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈ ဦး၊ ပြည်နယ်/တိုင်းလွှတ်တော်က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၃၀ဦးကို အစားထိုး ပြောင်းလဲလိုက်ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ကြေညာချက် အရ သိရှိရသည်။

အစားထိုးလဲလှယ်လိုက်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်အမတ်များတွင် ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်ပစ်ရေးရာဝန်ကြီး ဗိုလ်မှူကြီးသူရ မျိုးတင် ပါဝင်ပြီး ဗိုလ်မှူးကြီး နေလင်းထွန်းကို အစားထိုးခန့်အပ်ထားကြောင်း၊ အလားတူ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး အစား ဗိုလ်မှူးကြီးနေထွဋ်ဦးကို အစားထိုးခန့်အပ်ကြောင်း သိရှိရသည်။

 

ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်ပစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရ မျိုးတင်

 

 

မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts