Local News political news

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေတက်ဖို့ ယာယီဆိုင်းငံ့ထားတဲ့အရေး ဆွေးနွေးမယ့် KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၆

ကရင်အမျိုးသားအစည်းအရုံး(KNU) က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA) စာချုပ် အကောင်အထည်ဖော်မှုတွင် တစ်ဆို့နေသော အကြောင်းအရာများနှင့် ငြိမ်းချမ်းရေးတွင် ယုံကြည်မှု တည်ဆောက်ရေး အဖြေရှာရန် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ ဘားအံခရိုင်၊ လေးဝါးတွင် စတင်ကျင်းပြုလုပ်လျက်ရှိသည်။

KNU ၏ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးသည် နိုဝင်ဘာ ၁၀ ရက်နေ့ အထိ ၅ ရက်တာကြာမြင့်မည်ဖြစ်ပြီး ယင်းအစည်းအဝေးရလဒ်သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရန် ယာယီဆိုင်းငံ့ထားမှု အတွက် အဖြေရှာရန် ဖြစ်သည်ဟု KNU က ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။

နေပြည်တော်ထိပ်သီးအစည်းအဝေးတွင် သဘောတူညီခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံ ဆွေးနွေးပွဲ (၃)ကြိမ်ဖြင့် ဒီမိုကရေနှင့် ဖက်ဒရယ် အခြေခံမူများကို ချမှတ်သွားမည်ဆိုသော အချက်များနှင့်ပတ်သက်၍ လည်း ဆွေးနွေးအဖြေရှာ၍ ဆုံးဖြတ်ချက်များ ချမှတ်သွားရန် ရှိကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

KNU သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ခုတွင် အင်အားအကြီးဆုံးအဖွဲ့တစ်ခုဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts