All News Local News

ကျောက်တန်းတွင် ဖမ်းမိထားသော ၁၀၆ ဦးကို ဌာနပေါင်းစုံက စုံစမ်းစိစစ်နေဆဲ၊ မြန်မာစကားတတ်သူရော မတတ်သူများပါဝင်နေ

ရဲမျိုး/ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ် ယနေ့ နံနက်ပိုင်း ဖမ်းမိသူ ၁၀၆ ဦးကို ကိုစိစစ်နေပြီး မြန်မာစကား တတ်သူများနှင့် မတတ်သူများပါဝင်နေကြောင်း ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်မူက ပြောသည်။

“ကျမတို့ အခုချိန်ထိ ဘာကိုမှ အတည်ပြုလို့မရသေးပါဘူး ခိုးဝင်တဲ့သူလို့လည်းပြောလို့မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က စစ်တွေဘက်ကလည်း လာတယ်လို့ပြောတယ်တဲ့။ အခုချိန်မှာ ဘာကိုမှအတည်ပြုလို့မရသေးပါဘူး။ သေချာမှ အတည်ပြုတာကောင်းပါတယ်။ အားလုံးပေါင်း ၁၀၆ ဦးရှိပါတယ်။ ဒါကတော့ အခုလက်ရှိကတော့ စုံစမ်းစစ်ဆေးနေဆဲပါ။ အခုက ကျမတို့က ကျောက်တန်းမြို့နယ် ကုလာတန်းကျေးရွာထဲက သံတဲဆိုတဲ့ကျေးရွာပေါ့။ သူက ပင်လယ်ပြင် ပင်လယ်ကမ်းခြေလိုပေါ့။ အားလုံး ကျား/မ ၁၀၆ ဦး။ အခု တိုင်းအဆင့်ရော၊ အားလုံး ဌာနဆိုင်ရာတွေ စုံစမ်းစစ်ဆေးနေဆဲပေါ့။ သူတို့ကိုစုံစမ်းစစ်ဆေးပြီးလို့ အဖြေမှန်သတင်းမှန်ရလို့ရှိရင်တော့ ဥပဒေအရဆောင်ရွက်မှာပေါ့။ အခုက ရဲလည်းရှိတယ်၊ လဝကလည်းရှိတယ်၊ နယ်လုံလည်းရှိတယ်။ အဲ့ဒီအခါကျတော့ သူတို့က ဥပဒေတွေနဲ့စစ်ဆေးမှာပေါ့။ ကျမ သက်တမ်းမှာ ပထမဆုံးအတွေ့အကြုံလေ။ အခုက စစ်ဆေးနေတုန်းပေါ့။ ဥပမာ မြန်မာစကားတတ်တဲ့သူလည်းပါတယ်၊ မတတ်လည်းသူလည်း ပါတယ်ပေါ့လေ။ အဲဒီတော့ စကားပြန်တွေခေါ်ပြီး စစ်ဆေးနေတုန်း” ဟု လွှတ်တော်အမတ် ဒေါ်သက်သက်မူက ပြောသည်။

ယနေ့နံနက်ပိုင်း ဖမ်းမိသူများတွင် အမျိုးသား ၅၀ ၊ အမျိုးသမီး ၃၁ ဦး၊ ကလေးငယ် ၂၅ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွှတ်တော်အမတ် ဒေါ်အေးမြမြမျိုး Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts