Local News political news

Eleven သတင်းမီဒီယာမှ သတင်းသမား ၃ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဝရမ်းထုတ်၊ ကျောင်းကားနှင့်ရန်ကုန်မြို့သစ်စီမံကိန်းသုံးသပ်ချက်ဆောင်းပါး ကြောင့် ယူဆရ

ရန်ကုန်၊ အောက်တိုဘာ ၉

Eleven မီဒီယာမှ သတင်းသမား ၃ ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူရန် တာမွေမြို့နယ်ရဲစခန်းက ဖမ်းဆီးဝရမ်းထုတ်ပြီး Eleven ရုံးသို့ လာရောက် ဖမ်းဆီကား အဓိကအားဖြင့် ယခုအပတ်ထုတ် Eleven ဂျာနယ် တွင် ပါဝင်ခဲ့သော ကျောင်းကားနှင့် ရန်ကုန်မြို့သစ်စီမံကိန်း အကြောင်း သတင်းသုံးသပ်ချက် ဆောင်းပါးကြောင့်ဟု ယူဆရကြောင်း သိရှိရသည်။

တာမွေရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ မည်သူမှ မရှိတော့ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ်သည်ဟု ယူဆရကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့က ဖမ်းဝရမ်းဖြင့် အလိုရှိ၍ လာရောက် ဖမ်းဆီးသူ ၃ ဦးမှာ ကိုဖြိုးဝေ၊ တာဝန်ခံအယ်ဒီတာ ကိုကျော်ဇောလင်း၊ ကိုနရီမင်းတို့ဖြစ်ကြောင်း၊ သို့ရာတွင် တစ်ဦးတစ်ယောက်မှ ရုံးတွင် မရှိကြောင်း သိရှိရသည်။

“ဟုတ်တယ်။ တာမွေရဲစခန်းကကိုင်တာပါ။ ကိုဖြိုးေ၀ အပါအဝင် ၃ ဦးလို့ သိရပါတယ်” ဟုရဲမှူးသိန်းဝင်းက ပြောသည်။

အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဥပဒေရေးရာ ညှိနှိုင်းအစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် Eleven ဂျာနယ်ကို အစည်းအဝေးရှေ့ ပါဝင်သူ တိုင်းဒေသကြီးအဖွဲ့ အာဏာပိုင်များ၏ ရှေ့တွင် ချထားသည်ကို တွေ့မြင်ရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com