All News Local News

အစိုးရစစ်တပ်နှင့် ထိပ်တိုက်တွေ့ မှု ဖြစ်စဉ်တွင် ကယားပြည်နယ်အစိုးရက KNPP အပေါ် အပြစ်ပုံချမှု တုံ့ပြန်ကန့်ကွက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် အစိုးရစစ်တပ်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ အောက်တိုဘာလ ၂၀ ရက်နေ့က ထိပ်တိုက်ထိတွေ့မှုဖြစ်ပွားခြင်းအပေါ် ကယားပြည်နယ်အစိုးရက KNPP အား ပစ်ခတ်ရပ်စဲမှု ချိုးဖောက်သည်ဆိုသော ပြောဆိုချက်အပေါ် KNPP က တုန့်ပြန်ကန့်ကွက်ကြောင်းအောက်တိုဘာလ ၂၁ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် အစိုးရစစ်တပ် ခြေမြန်တပ်ရင်း ၄၂၈ နှင့် KNPP တပ်များ ထိတွေ့ မှုဖြစ်ပွားခဲ့ပြီး ထိတွေ့မှုတွင် မည်သူမှ ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိပေ။

သို့ရာတွင် ကယားပြည်နယ်အစိုးရက ယင်းထိတွေ့မှုတွင် KNPP သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ပြောဆိုပြီး ယင်းပြောဆိုချက်သည် လုံး၀ မှန်ကန်မှုမရှိကြောင်း၊ လက်တွေ့တွင် ဆက်ဆံရေးရုံးကို အကြောင်းမကြားဘဲ အစိုးရစစ်တပ်က KNPP ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း KNPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ကယားပြည်နယ်အစိုးရအဖွဲ့မှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအပေါ် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုချက်သည် လုံး၀ မှန်ကန်မှု မရှိကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် တုန့်ပြန်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

KNPP သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts