All News Crime

ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှု အပတ်စဉ် အင်္ဂါနေ့တိုင်း အမှု ပြန်စစ်မည်

ရန်ကုန်၊ အောက်တိုဘာ ၉

ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို အစမှပြန်လည်စစ်ဆေးရန် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက အောက်တိုဘာ ၉ရက် ဒီကနေ့ဆုံးဖြတ်လိုက်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်းစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

လာမည့်ရုံးချိန်းများတွင်အမှုနှင့်ပတ်သက်သည့် မျက်မြင်သက်သေများအားပြန်လည်ခေါ်ယူ စစ်ဆေးရန်လည်းပြင်ဆင်နေပြီး ဟာသရုပ်သံတိုများကြောင့် Facebook တွင် လူသိများသည့် အောင်ရဲတွေး (ခ) ရဲထွေးအောင်(၂၅နှစ်) သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ညပိုင်း ရန်ကုန် The One Entertainment Park နှစ်သစ်ကူးပွဲတော် ရန်ပွဲတစ်ခုကြောင့် ၂၀၁၈ ဇန်နဝါရီ ၂ရက်နေ့ ညပိုင်းက သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးမှုအတွက် ကျော်ဇောဟန် (ခ) ကျော်ဇော၊ သန်းထွဋ်အောင် (ခ) သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ) တို့ ၃ ဦးစလုံး ရဲစခန်းတွင်သွားရောက်အဖမ်းခံခဲ့ပြီး သေဆုံးမှုတွင် တရားစွဲဆို ခံခဲ့ရသူများအား ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဇူလိုင်၂၅ ရက်က အမှုစွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့ပြီးနောက် နှစ်လခွဲနီးပါးအကြာတွင် အမှုကိုပြန်လည်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အောင်ရဲထွေး သေဆုံးမှုကို ရုပ်သိမ်းခဲ့ရာတွင် အဂတိလိုက်စားပြီး အမှုပိတ်ခဲ့သည်ဟုဆိုတာ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ဥပဒေအရာရှိ ၅ဦးနှင့် အမှုကိုင်ရဲအရာရှိတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com