Local News political news

ရန်ကုန်တိုင်းမှာ ပြည်သူ့ဘဏ္ဍာငွေကျပ် ၅၈ ဘီလီယံနီးပါး ဆုံးရှုံးနေမှု အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားပြီ

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပြည်သူပိုင် မြေကွက်တွေ၊ အဆောက်အအုံတွေကို ပြင်ပပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ ငှားရမ်းတာကြောင့် ပြည်သူ့ဘဏ္ဍာငွေ ငွေကျပ် ၅၇ ဒသမ ၉၇ ဆုံးရှုံးနေတာနဲ့ပတ်သက်လို့ အရေးယူပေးဖို့ နေပြည်တော်အဂတိတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားလိုက်ပါပြီ။

ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့ တည်ထောင်သူ ဒေါက်တာဒေါ်ညိုညိုသင်းက အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းမှာ အဂတိတိုက်ဖျက်ရေးကော်မရှင်ကို ပြည်သူ့ဘဏ္ဍာငွေ အကြီးအကျယ် ဆုံးရှုံးမှုအတွက် တိုင်ကြားလိုက်တာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ပြည်သူ့ဘဏ္ဍာငွေ ဘီလီယံချီနစ်နာစေတဲ့ ဖြစ်စဉ်ကြီး ၅ ရှိတယ်လို့ ဒေါက်တာဒေါ်ညိုညိုသင်းက ဆိုပါတယ်။

“ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးတဲ့ဖြစ်စဉ်တွေမှာ ဘယ်သူတာဝန်ရှိလဲ ဖော်ထုတ်ပေးဖို့ပါ။ မီဒီယာတစ်ခုက မေးတယ် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုတိုင်တာလားတဲ့။ ကျမတိုင်တာက ရန်ကုန်မှာဖြစ်တဲ့ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးမှုအတွက် ဘယ်သူ့မှာတာဝန်ရှိလဲ။ နောက်ကွယ်က လက်မည်းကြီးတွေလည်းဖြစ်နိုင်တယ်။ ဘယ်သူမှာ အဓိကတာဝန်ရှိလဲ။ ပြည်သူ့ ဘဏ္ဍာငွေ တွေက ဆုံးရှုံးကုန်ပြီ။ မနေ့ညက အီးမေးလ်နဲ့ပို့ပြီးပြီ။ စာတိုက်ကနေကလည်း ပို့ထားပြီးပြီ” လို့ ဒေါက်တာဒေါ်ညိုညိုသင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် အစီရင်ခံစာအရ ဒီဆုံးရှုံးမှုတွေ သိလာရတာဖြစ်ပြီး ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ လူပုဂ္ဂိုလ် တစ်ဦးတည်းကို ပေ ၄၀-၆၀ မြေကွက်ပေါင်း ၂၁ ကွက်စာ အကျယ်အဝန်းရှိတဲ့ မြေကွက်ကြီး ကို သက်သာတဲ့ နှုန်းထားနဲ့ ရောင်းချပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်တချို့ကို စီမံကိန်း အကြောင်းပြ မြေကဧက ထောင်ချီပေးအပ်ခဲ့ပါတယ်။ အဲဒီမြေကွက်အတွက် မြေဂရန် ဝန်ဆောင်ခ သတ်မှတ်ကောက်ခံရာမှာ ဝန်ဆောင်ခနှုန်းထား အသစ်နဲ့ မကောက်ခံတဲ့အတွက် ငွေကျပ် ၄၁ ဒသမ ၉ ၇ ဘီလီယံ နစ်နာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်နစ်နာမှုတစ်ခုကတော့ ပြည်သူ့ဥယျာဉ်အတွင်းမှာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို ကာလပေါက်ဈေးထက် နိမ့်တဲ့နှုန်းနဲ့ မြေတွေငှားရမ်းထားလို့ တစ်လကို ငွေကျပ် ၁ ဘီလီယံ နစ်နာနေတယ်လို့ ဆိုပါတယ်။

အလားတူ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ရှိ ၄၅ လမ်း ကစီမံကိန်းတစ်ခု မှာ ဆိုရင် နိုင်ငံတော်က နစ်နာငွေ ၉ ဒသမ ၂ ဘီလီယံ၊ ဗဟန်းမြို့နယ်မှာ ဌားရမ်းထားတဲ့ပြည်သူပိုင်မြေ ၁၅ ဧက အတွက်နှစ်စဉ်ငွေကျပ် ၃ ဒသမ ၈ ဘီလီယံဆုံးရှုံးနေကြောင်း၊ ကန်တော်ကြီး ကန်တော်မင်နဲ့ မြိုင်ဟေဝန် ဥယျာဉ်များအတွင်း ငှားရမ်းခတွေမှာ ဆိုရင်လည်းပြည်သူ့ဘဏ္ဍာငွေ နှစ်စဉ် ၂ ဘီလီယံ ဆုံးရှုံးနေကြောင်း တယ်လို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ စီမံကိန်းတွေမှာ လွှတ်တော်ကိုအသိမပေးဘဲ လုပ်ချင်ရာလုပ်နေတာ၊ ဧရာဝတီဘဏ်နဲ့ ကမ္ဘောဇဘဏ်ကနေ လွှတ်တော်ကိုအသိမပေးဘဲ ၁၃ ဒသမ ၅ ဘီလီယံ ချေးယူခဲ့တာ၊ အစိုးရအဖွဲ့ကိုယ်စားဆိုပြီး တိုင်းဝန်ကြီးနာမည်တွေနဲ့ အစိုးရပိုင်ကုမ္ပဏီတွေမှာ ရှယ်ယာတွေ ဖော်ပြထားတာ၊ Eleven သတင်းမီဒီယာသမား ၃ ဦးကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ တရားစွဲတာတွေကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ပြည်သူတွေကြားမှာ အပြင်း အထန် ဝေဖန်ခံနေရချိန်လည်းဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts