Local News political news

မင်းဘူးတွင် တပ်မတော် တိုက်လေယာဉ် ၂ စီး ပျက်ကျ၊ လေယဉ်မှူး ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် တပ်မတော်တိုက်လယာဉ် ၂ စီးကျ ပျက်ကျကြောင်း မင်းဘူးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ် ၁ ဦးကျော်စွမ်းရည်နှင့် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မင်းဘူးမြို့နယ် ဆားဗွက်ချောင်းအနီးတွင် တိုက်လေယာဉ်တစ်စီး၊ သနပ်ပင်စုကျေးရွာအနီးတွင် တိုက်လေယာဉ် တစ်စီး စုစုပေါင်း တိုက်လေယာဉ် ၂ စီးပျက်ကျခြင်းဖြစ်ပြီး လေယာဉ်မှူး ၂ ဦး သေဆုံးကြောင်း အမတ် ၂ ဦးက အတည်ပြုသည်။

“ပျက်ကျတာက စစ်လေယာဉ် ၂ စီး၊ ကျနော်တို့ အခုအားလုံး ချိတ်ဆက်ပြီးသွားနေတယ်။ အခုက အရေးကြီးနေလို့။ အသေအပျောက်လည်း ရှိတယ်” ဟု တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ပြောသည်။

သနပ်ပင်စုကျေးရွာ ဘက်တွင် ပျက်ကျသော တိုက်လေယာဉ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး လေယာဉ်မှူး၏ အလောင်းကိုလည်း လေထီးနှင့်အတူ တွေ့ရကြောင်း၊ ကျဉ်ဆန်နှင့် လက်နက်များတွေ့ရှိရကြောင်း၊ ရာသီဥတုကောင်းမွန်ချိန် တိုက်လေယာဉ် နှစ်စီး ပျက်ကျခြင်းဖြစ်၍ နားလည်ရခက်ကြောင်းမင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

“တိုက်လေယာဉ် နှစ်စီးပါ။ တစ်စီးက မင်းဘူး ဆားဗွက်ချောင်းနားမှာ။ ကျနော်တော့ အဲဒီဘက်ကို မရောက်ဘူး။လွှတ်တော်အမတ် ဦးကျော်စွမ်းရည်သွားတယ်။ တစ်စီးက သနပ်ပင်စုရွာရဲ့ အနောက်ဘက် ငရုတ်ခင်းတွေတောထဲမှာ။ ကျနော်က သနပ်စုရွာဘက်မှာ။ သနပ်ပင်စုရွာဘက်မှာ ပျက်ကျတဲ့ ငရုတ်ခင်းတောထဲမှာ အလောင်းတစ်လောင်း တွေ့တယ်။ အဓိက တိုက်လေယာဉ်တွေ။ ကျဉ်ဆန်တွေလည်း တွေ့တယ်။ လက်နက်တွေလည်းတွေ့တယ်။ ရာသီဥတုက ကောင်းတယ်။ သူတို့ချင်း ဘယ်လိုဖြစ်တာလဲမသိဘူး။ စက်ချို့ယွင်းတာလား။ မောင်းတဲ့သူတွေရဲ့ အားနည်းချက်လား သူတို့မှ သိတာကိုး။ ရာသီဥတုက ဒီဘက်မှာ ကောင်းတယ်။ အဲဒီသနပ်ပင်စုကွင်းပြင်မှာ ပျက်ကျတဲ့နေရာမှာ ကျနော်ရှိနေတယ်။ လေထီးပွင့်တယ်။ဒါပေမယ့် အလောင်းက အဲဒီနားမှာရှိနေတာ။ အလောင်းကိုလည်း သေချာမကိုင်ဘူး။ တာဝန်ရှိတဲ့သူတွေလာကာမှပဲ ကိုင်မယ်။ လေတပ်ကိုလည်း အကြောင်းကြားထားပြီးသား။ သွားပြီးတော့ မကိုင်ပါနဲ့တဲ့။ အကုန်လုံး အစိတ်စိတ် အမွှာမွှာ။ တခြားစီ။ ဖြစ်သွားတာ။ ၁ မိုင်ကျော်ကျော်လောက် ပစ္စည်းတွေက ပျံ့သွားတဲ့ပုံစံတွေ့ရတယ်။ အဲဒီဘက်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ လွှတ်တော်အမတ် ဦးကျော်စွမ်းရည်က ဆားဗွက်ချောင်းဘက်မှာ။ ဝန်ကြီးချုပ်လည်း ပျက်ကျတဲ့နေရာ နှစ်ခုလုံးကို ကွင်းဆင်းလာနေပြီ” ဟု ဦးဝင်းဝင်းက ပြောသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com