All News Local News

ဖုယွင်ဆန္ဒပြအလုပ်သမား ၃၀ နှင့် ဝန်းရံသော အလုပ်သမား ၁၀၀ ကျော် အလုပ်ဆင်းရန် အလုပ်ရှင် နှင့်အလုပ်သမား သဘောတူပြီ၊ ကျန်ရှိ ပြဿနာများကို ဥပဒေနှင့်အညီ ဆက်လက် ဖြေရှင်းမည်

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းအစိုးရ၏ ညှိနှိုင်းပေးမှုဖြင့် ဖုယွင်အထည်ချုပ်စက်ရုံတွင် အလုပ်ထုတ်ခံရသော အလုပ်သမား ၃၀ နှင့် ဝန်းရံ အလုပ်သမား ၁၀၀ ရာကျော် အလုပ်ပြန်ဆင်းရန် အလုပ်ရှင်နှင့် အလုပ်သမား အကြား သဘောတူညီ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး နိုဝင်ဘာလ ၆ရက်နေ့မှ စတင် အလုပ်ဆင်းကြမည်ဖြစ်ကြောင်း သိရှိရသည်။

နံနက်ပိုင်းညှိနှိုင်းမှုများတွင်ဆန္ဒပြ အလုပ်သမား ၃၀ ကို ဝန်းရံခဲ့သည့် ဖုယွင်အလုပ်သမားများကိုမူ လုပ်သက်နှစ်မပေးတော့ဘဲ အသစ်အလုပ်သမားများအဖြစ်သာ သတ်မှတ်မည်ဟု အလုပ်ရှင်က ပြောဆိုနေ၍ နှစ်ဖက် မကျေလည်ခဲ့ကြသော်လည်း မွန်းလွဲပိုင်းတွင် နှစ်ဖက် အလုပ်ပြန်ခန့်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်သည်။

ယမန်နေ့က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဖုယွင်စက်ရုံအထိလာရောက်၍ ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com