Local News political news

နိုင်ငံသားအခွင့်အရေးဖြစ်၍ ရိုက်တာသတင်းထောက်၂ ဦး အမှု အယူခံဝင်မည်ဟု ရှေ့နေပြော

ရန်ကုန်၊ အောက်တိုဘာ ၃၁

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသော ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သည် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အမှုနှင့်ပတ်သက်၍ အယူခံဝင်မည်ဖြစ်ပြီး အယူခံဝင်ခြင်းသည် နိုင်ငံသားအခွင့်အရေးဖြစ်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

“အယူခံကတော့ဝင်မယ်။ ဒါပေမယ့် ကျေနာ်က နိုင်ငံခြားသွားဖို့ရှိနေတော့ ရိုက်တာကိုလည်းပြောထားတယ်။ ကျနော်မလုပ်နိုင်ဘူး။ ရှေ့ကိုသန်းဇော်အောင်နဲ့အခြားသူတွေ လုပ်ကြမယ်။ အယူခံဝင်တာက နိုင်ငံသားအခွင့်အရေးလေ။ ဝင်မယ် အယူခံကတော့ ” ဟု ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။

အယူခံဝင်မည့်ရက်နှင့် အယူခံဝင်မည့်အခြေအနေများနှင့်ပတ်သက်၍မူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

Photo Credit-ရိုက်တာသတင်းဌာနက ရိုက်ကူးထားသော ကိုဝလုံးနှင့်ကိုကျော်စိုးဦး၏ ဓာတ်ပုံကို FreeWaloneandKyawsoeoo Facebook Page မှ ရယူပါသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

khitthitnews.com

Related Posts

khitthitnews.com